တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် တောင်အာဖရိကနိုင်ငံ သမ္မတ ဆိုင်ရယ်လ် ရာမာဖိုဆာ တို့ အတူ ပူးတွဲ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် တောင်အာဖရိကနိုင်ငံ သမ္မတ ဆိုင်ရယ်လ် ရာမာဖိုဆာ တို့ အတူ ပူးတွဲ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်




ပရီတိုးရီးယား၊ ဩဂုတ် ၂၃

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် တောင်အာဖရိကနိုင်ငံ သမ္မတ ဆိုင်ရယ်လ် ရာမာဖိုဆာ (Cyril Ramaphosa) နှင့်အတူ ဩဂုတ် ၂၂ ရက် နေ့လယ်ပိုင်းက ပရီတိုးရီးယားမြို့တွင် ပူးတွဲသတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။

သမ္မတ ရှီကျင့်ဖိန်က သမ္မတ ဆိုင်ရယ်လ် ရာမာဖိုဆာ ၏ ဖိတ်ကြားမှုဖြင့် “သက်တံနိုင်ငံ(Rainbow Nation)” တောင်အာဖရိကသို့ နိုင်ငံတော်ခရီးစဉ် ထပ်မံလာရောက်ရသည့်အတွက် ဝမ်းမြောက်ဝမ်းသာ ဖြစ်မိပါကြောင်း ပြောကြားခဲ့သည်။

ယခုအကြိမ်သည် မိမိအနေဖြင့် တရုတ်နိုင်ငံ သမ္မတအဖြစ် တောင်အာဖရိကသို့ လာရောက်သော စတုတ္ထအကြိမ်မြောက် နိုင်ငံတော်ခရီးစဉ်ဖြစ်ကြောင်း၊ ယခုနှစ်သည် တရုတ်-တောင်အာဖရိက သံတမန်ဆက်ဆံရေး ထူထောင်သည့် ၂၅ နှစ်ပြည့်ဖြစ်ကြောင်း၊ ၂၅ နှစ်ကြာ ကာလတွင် တရုတ်-တောင်အာဖရိက ဆက်ဆံရေးသည် တစ်ဟုန်ထိုး ဖွံ့ဖြိုးတိုးတက်မှုကို အကောင်အထည်ဖော်ဆောင်နိုင်ခဲ့ပြီး မဟာဗျူဟာ အပြန်အလှန် ယုံကြည်မှု အဆင့်သစ်သို့ ရောက်ရှိခဲ့ကြောင်း၊ ကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်မှုများ ဘက်စုံတွန်းအားပေး ဆောင်ရွက်ခဲ့ရာတွင် ဘက်ပေါင်းစုံ ညှိနှိုင်းပူးပေါင်းဆောင်ရွက်မှုများ ပို၍ နီးကပ်မှု ရှိလာခဲ့ကြောင်း၊ တရုတ်-တောင်အာဖရိက ဆက်ဆံရေးသည် နှစ်နိုင်ငံဆက်ဆံရေး အတိုင်းအတာကို များစွာ ကျော်လွန်ခဲ့ပြီး မဟာဗျူဟာအနက်အဓိပ္ပါယ်နှင့် ကမ္ဘာလုံးဆိုင်ရာ သက်ရောက်မှု ပိုရှိလာခဲ့ကြောင်း သမ္မတ ရှီကျင့်ဖိန်က ပြောကြားခဲ့သည်။

သမ္မတ ရှီကျင့်ဖိန်က လက်ရှိ တရုတ်ကွန်မြူနစ်ပါတီသည် တရုတ်ပြည်သူများအား စည်းလုံးညီညွတ်စွာ ဦးဆောင်၍ တရုတ်ပုံစံ ခေတ်မီအသွင်ပြောင်းမှုဖြင့် တရုတ် အမျိုးသား မဟာပြန်လည်ဖွံ့ဖြိုးတိုးတက်ရေးကို ဘက်စုံတွန်းအားပေး ဆောင်ရွက်လျက်ရှိသလို တောင်အာဖရိကနိုင်ငံသည်လည်း မိမိနိုင်ငံနှင့်ကိုက်ညီသော ဖွံ့ဖြိုးရေးလမ်းစဉ်ကို တက်ကြွစွာ ကိုယ်တိုင်ရှာဖွေလျက်ရှိကြောင်း ပြောကြားခဲ့သည်။

တရုတ်-တောင်အာဖရိက ဆက်ဆံရေးသည် ဖွံ့ဖြိုးတိုးတက်မှု အခွင့်အလမ်းသစ်များနှင့် ကြုံတွေ့ရကြောင်း၊ မကြာသေးမီက မိမိနှင့် သမ္မတ ဆိုင်ရယ်လ် ရာမာဖိုဆာ အတူ ရလဒ် များစွာ ရှိသည့် တွေ့ဆုံဆွေးနွေးမှုများကို ပြုလုပ်ခဲ့ရာတွင် ခေတ်သစ် နှစ်နိုင်ငံ ဆက်ဆံမှု ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဘုံဂရုပြုကြသော နိုင်ငံတကာနှင့်ဒေသရေးရာ ကိစ္စရပ်များအပေါ် အမြင်သဘောထားချင်း ဖလှယ်ခဲ့ရာ အရေးပါသောသဘောတူညီချက်များ ရရှိခဲ့ကြောင်း၊ နှစ်ဖက် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ စာချုပ်များ လက်မှတ်ရေးထိုးမှုကို မိမိတို့အတူ သက်သေပြုခဲ့ကြောင်း ၊ မိမိအနေဖြင့် နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်မှု ဆက်ဆံရေး အနာဂတ်အလားအလာအပေါ် အပြည့်အဝ ယုံကြည်မှု ရှိကြောင်း သမ္မတ ရှီကျင့်ဖိန်က ပြောကြားခဲ့သည်။

သမ္မတ ဆိုင်ရယ်လ် ရာမာဖိုဆာ က တောင်အာဖရိက-တရုတ် သံတမန် ဆက်ဆံရေး ထူထောင်သည့် ၂၅ နှစ်ပြည့်အခါသမယတွင် သမ္မတ ရှီကျင့်ဖိန် တောင်အာဖရိကနိုင်ငံသို့ စတုတ္ထအကြိမ်မြောက် နိုင်ငံတော်အလည်အပတ်ခရီးစဉ် လာရောက်ခြင်းကို ကြိုဆိုဧည့်ခံရသည့်အတွက် အထူး ဝမ်းမြောက်ပါကြောင်း ပြောကြားခဲ့သည်။

တောင်အာဖရိက၏ လူမျိုးရေးခွဲခြားမှု တိုက်ဖျက်ရေး၊ နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဖိုးတန်သည့် ထောက်ခံအားပေးခြင်း၊ တောင်အာဖရိက၏ ကိုဗစ်-၁၉ တိုက်ဖျက်ရေးအတွက် ဆေးဘက်ဆိုင်ရာ အထောက်အပံ့ပစ္စည်းများ ပံ့ပိုးပေးခြင်းအပေါ် တောင်အာဖရိက ပြည်သူများက တရုတ်အစိုးရနှင့်ပြည်သူများအား ကျေးဇူးတင်ရှိပါကြောင်း ဆိုင်ရယ်လ် ရာမာဖိုဆာ က ပြောကြားခဲ့သည်။

ဆိုင်ရယ်လ် ရာမာဖိုဆာ က အပြန်အလှန် ဗဟိုအကျိုးစီးပွားနှင့် အရေးကြီး ဂရုပြုကြသည့် ကိစ္စရပ်များတွင် ဆက်လက်၍ ခိုင်မာစွာ အပြန်အလှန် ထောက်ခံအားပေးသွားမည် ဖြစ်သည်ဟု သမ္မတ ရှီကျင့်ဖိန်နှင့်အတူ ထပ်လောင်း ပြောကြားလိုကြောင်း၊ နှစ်ဖက် ကုန်သွယ်ရေးနှင့်ရင်းနှီးမြှုပ်နှံရေး ပူးပေါင်းဆောင်ရွက်များကို နက်ရှိုင်းအောင် ဆောင်ရွက်သွားရန် ၊ အခြေခံအဆောက်အအုံ၊ ခရီးသွား၊ ပညာရေး၊ ဒစ်ဂျစ်တယ်စီးပွားရေး စသည့် ကဏ္ဍများ၌ အပြန်အလှန် အကျိုးဖြစ်ထွန်းစေသော ပူးပေါင်းဆောင်ရွက်မှုများကို တစ်ဆင့်တိုး တိုးချဲ့ဆောင်ရွက်သွားကြရန်၊ အရေးကြီး နိုင်ငံတကာနှင့်ဒေသရေးရာ ကိစ္စရပ်များ၌ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုများ အားဖြည့်ရန် မိမိတို့အတူ သဘောတူညီခဲ့ကြောင်း ပြောကြားခဲ့သည်။


Ref - (Xinhua)

#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)