MNP ၊ ဩဂုတ် ၁၈
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်အတွင်းရှိ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပ ညာပေးဟောပြောခြင်း ကို ထမ္မရာဇ်ရပ်ကွက်ရှိ အ.ထ.က(ခွဲ)လ (၃) ကျောင်း၌ ယနေ့ နံနက် ၁၁ နာရီအချိန်က ဟော ပြောခဲ့ကြောင်း သိရသည်။
ထို့နောက် ခရိုင်မီးသတ်စခန်းမှ ဒုဦးစီးမှူး ဦးရဲထက်စိုး ဦးဆောင်၍ ဆရာ/ဆရာများနှင့် ကျောင်းသား/ ကျောင်းသူများကို ရေဘေးအန္တရာယ်ကြိုတင်ကာကွယ် နိုင်ရန်အတွက် အသက် ကယ်အင်္ကျီ (Life Jacket) များစနစ်တကျဝတ်ဆင် အသုံးပြုတတ် စေရန်အတွက် မီးသတ် တပ်ဖွဲ့ဝင်များမှ လက် တွေ့သရုပ်ပြသခြင်း၊ ကျောင်းသား/ ကျောင်းသူများအား (Life Jacket)များ လက်တွေ့ ဝတ်ဆင်ခြင်းများ လက်တွေ့ပြသခြင်းများ ဆောင်ရွက်ခဲ့သည်။ဆက်လက်၍ ဒုမီးသတ်ဦးစီးမှူးက မိုးရာသီ သို့ရောက်ရှိလာပြီဖြစ်၍ ရုတ်တရက် လေပြင်းတိုက်ခတ်ခြင်း၊ ရေဘေး အန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် Life Jacket စနစ်တကျ ဝတ်ဆင်ရေး အသိပညာပေးခြင်း များ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြင့်စိုး
https://t.me/MyanmarNationalPost




No comments:
Post a Comment