MNP ၊ ဩဂုတ် ၁၈
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ် အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများ အသိပညာနှင့်ပြည့်စုံပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်အတွက် လူငယ်အသိပညာပေး ဟောပြောပွဲကို စကုမြို့အခြေခံပညာအထက်တန်းကျောင်း ပညာရတနာခန်းမ၌ ယမန်နေ့နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
ထိုသို့ အသိပညာပေးဟောပြောရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးအောင်မြင်မှ အမှာစကားပြောကြားပြီး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးလှိုင်ဝင်းက မူးယစ်ဆေးဝါး တားဆီးကာကွယ်ရေးနှင့် လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်း၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိဦးဝင်းနိုင်က စွန့်ပစ်ပလပ်စတစ်ပစ္စည်းများစွန့်ပစ်မှုနှင့်ပတ်သက်၍ အသိပညာပေးဟောပြောခြင်း၊ မြို့နယ်ဥပဒေအရာရှိ ဒေါ်အိဖြူညိမ်းက ဥပဒေဆိုင်ရာအကြောင်းအရာများဟောပြောခြင်း၊ မင်းဘူးမြို့ ယာဉ်ထိန်းတပ်ဖွဲ့မှ ဒုရဲအုပ်ဝေလင်းနိုင်က ယာဉ်စည်းကမ်းလမ်းစည်းကမ်းဆိုင်ရာများ ဟောပြောခြင်း၊ မြို့နယ်ပြည်သူ့ကျန်းမားရေးဦးစီးဌာနနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများက မိမိတို့၏ကဏ္ဍအလိုက် အသီးသီးအသိပညာပေးဟောပြော ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ထို့နောက် တက်ရောက်လာကြသော စကုအ.ထ.ကမှ ကျာင်းသား၊ ကျောင်းသူလေးများက သိရှိလိုသည်များနှင့် မရှင်းလင်းသည့်အချက်များအားမေးမြန်းကြရာ ဟောပြောပေးရေးအဖွဲ့မှ ပြန်လည်ရှင်းလင်း ဆွေးနွေးဖြေကြားပေးခဲ့ကြောင်း သိရသည်။
ဇေယျာထက်
https://t.me/MyanmarNationalPost
No comments:
Post a Comment