ပေါင်မြို့နယ်၌ (အထက) ပေါင် ကျောင်းကောင်စီ ဥက္ကဌ ဖလား ဘောလုံးဖွင့်ပွဲပြုလုပ်ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါင်မြို့နယ်၌ (အထက) ပေါင် ကျောင်းကောင်စီ ဥက္ကဌ ဖလား ဘောလုံးဖွင့်ပွဲပြုလုပ်ကျင်းပ





MNP ၊  ဩဂုတ်  ၁၇

မွန်ပြည်နယ်၊ပေါင်မြို့နယ်၌ (အထက) ပေါင် ကျောင်းကောင်စီ ဥက္ကဌ ဖလား ဘောလုံးဖွင့်ပွဲပြုလုပ်ကျင်းပခြင်းကို ယနေ့ နေ့လယ် (၂)နာရီက (အထက)ပေါင် အားကစားကွင်း၌ပြုလုပ်ခဲ့သည်။


ဖွင့်ပွဲတွင် မြို့နယ်ပညာရေးမှူး ဒေါ်စန်းစန်းအေး က ယခုမိုးရာသီတွင် အားကစားပြိုင်ပွဲများပြုလုပ်ခြင်းဖြင့် ကျောင်းသား၊ကျောင်းသူများ အားကစားကိုစိတ်ဝင်းစားခြင်းဖြင့် ကျန်းမာရေးကောင်းမွန်ခြင်း၊ညာဏ်ပညာကွန့်မြူးပြီး ကျောင်းစာကိုလွတ်လပ်စွာ ဖတ်၊မှတ် နိုင်ခြင်း၊ဗလငါးတန်နှင့်ပြည့်စုံစေခြင်း စသည့်အကျိုးကျေးဇူးများရရှိမှာဖြစ်ကြောင်းအမှာစကားပြောကြားသည်။


ထို့နောက် မြို့နယ်ပညာရေးမှူးဒေါ်စန်းစန်းအေးနှင့်ဌာနဆိုင်ရာများ၊ကျောင်းအကျိုးတော်ဆောင်များက အားကစားယှဉ်ပြိုင်ကြသည့် အသင်းသားအားလုံးအတွက်  အာဟာရပြည့်ဝစေရန် အလှူငွေများကိုထောက်ပံ့ပေးအပ်ခဲ့ကြရာ သက်ဆိုင်ရာတာဝန်ရှိသူများက  လက်ခံရယူခဲ့ကြသည်။


ဆက်လက်၍ အနော်ရထာကျန်စစ်သား၊ဘုရင့်နောင်၊အလောင်းဘုရား၊ဗန္ဓုလ စသည့်အသင်း များအလိုက် မဲနိုက်ပြီး ပြိုင်ပွဲကို စတင်ကစားခဲ့ကြရာ ဩဂုတ်လ (၁၇) ရက်နေ့မှ (၂၁)ရက်နေ့အထိ  (၅)ရက်ကြာယှဉ်ပြိုင်ကစားသွားမည်ဖြစ်ကြောင်းသိရသည်။


https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)