ဗဟန်းမြို့နယ်၌ မူးယစ်ဆေးဝါးဆိုးကျိုးများအကြောင်း အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ဗဟန်းမြို့နယ်၌ မူးယစ်ဆေးဝါးဆိုးကျိုးများအကြောင်း အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကျင်းပ



MNP ၊  ဩဂုတ်  ၁၀

ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ယမန်နေ့ နေ့လယ် ၁ နာရီက မူးယစ်ဆေးဝါးဆိုးကျိုးများအကြောင်း အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပပြုလုပ်ခဲ့သည်။


အဆိုပါဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်မိုးမိုးလွင်က ဟောပြောပွဲပြုလုပ်ရခြင်း၏ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အနောက်ပိုင်းခရိုင်ဦးစီးမှူး ဒေါ်စန္ဒာမိုးက ကျောင်းသားကျောင်းသူများ ငယ်ရွယ်စဥ်အချိန်၌ မူးယစ်ဆေးဝါးများကို စမ်းသပ်ခြင်းမပြုလုပ်ကြရန်၊  မူးယစ်ထုံထိုင်းစေသည့်ဆေးများ သုံးစွဲခြင်းကြောင့်ဖြစ်ပေါ်လာမည့် စိတ်ပိုင်းနှင့်ရုပ်ပိုင်းဆိုင်ရာဆိုးကျိုးများအကြောင်း၊ မူးယစ်အစဆေးလိပ်ကဆိုသည့်အတိုင်း ဆေးလိပ်သောက်သုံးခြင်းမပြုကြရန်စသည်ဖြင့် ဟောပြောဆွေးနွေးခဲ့သည်။


ထို့နောက် ကျောင်းသား၊ ကျောင်းသူများအား မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးနံရံကပ်စာစောင်များနှင့် သုတ/ရသစာအုပ်များကိုပြသခဲ့ရာ စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုကြကြောင်း သိရသည်။


စန္ဒာမိုး

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)