ရေလွှမ်းမိုးမှုဖြစ်ပွားနေသည့် ဒုံဝန်းကျေးရွာအနိမ့်ပိုင်းရပ်ကွက်နေပြည်သူများထံ သောက်ရေသန့်များ လိုက်လံလှူဒါန်း - Myanmar National Post

Myanmar National Post

News Agency

Breaking

ရေလွှမ်းမိုးမှုဖြစ်ပွားနေသည့် ဒုံဝန်းကျေးရွာအနိမ့်ပိုင်းရပ်ကွက်နေပြည်သူများထံ သောက်ရေသန့်များ လိုက်လံလှူဒါန်း






MNP ၊  ဩဂုတ်  ၁၀

ရေကြီးရေလျှံမှုဖြစ်ပွားနေသည့် မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ဒုံဝန်းကျေးရွာ အနိမ့်ပိုင်း ရပ်ကွက်နေပြည်သူများထံ အဆိုပါကျေးရွာအခြေစိုက် နှောင်ကြိုးမဲ့ပရဟိတ လူမှုကူညီရေးအသင်းမှ သောက်ရေသန့်များ လိုက်လံလှူဒါန်းပေးလျက်ရှိကြောင်း သိရသည်။


"ဒုံဝန်းကျေးရွာအနိမ့်ပိုင်း ရပ်ကွက် ၇ နဲ့ ၈ ရေမြုပ်နေတာ(၁၀)ရက်နီးပါးရှိပြီ၊ အချို့ရေတွင်းတွေ ရေမြုပ်နေတယ်၊ အဲဒါကြောင့် ရေသန့်ဗူးကြီးတွေကို ရေမြုပ်ခံ ဘုန်းတော်ကြီးကျောင်းတွေနဲ့ လူနေအိမ်တွေကို လိုက်လံ လှူဒါန်း‌တာပါ" ဟု နှောင်ကြိုးမဲ့ပရဟိတ လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူက ပြောသည်။


ပြီးခဲ့သည့် ဇူလိုင်လကုန်ပိုင်းမှစတင်ကာ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ဘီးလင်းမြစ်ရေမြင့်တက်လာပြီး ကျေးရွာအနိမ့်ပိုင်းရပ်ကွက်များဖြစ်သည့် ရပ်ကွက်(၇) ရပ်ကွက်(၈)တို့အတွင်းသို့ ရေဝင်ရောက်ကာ ရက်သတ္တပတ်ကျော် ရေကြီးရေလျှံမှုများ ဖြစ်ပွားလျက်ရှိရာ ရပ်နီး ရပ်ဝေးနေ အလှူရှင်တို့၏ ကူညီဖေးမလှူဒါန်းမှုဖြင့် ၂၀ လီတာဝင် သောက်ရေသန့်ဗူးများအား အခက်အခဲဖြစ်ရာနေအိမ်များသို့အရောက် ဩဂုတ်လ ၉ ရက်နေ့မှစတင်၍ နေ့စဉ် လိုက်လံလှူဒါန်းပေးနေကြောင်း နှောင်ကြိုးမဲ့ပရဟိတ လူမှုကူညီရေးအသင်းမှ သိရသည်။


https://t.me/MyanmarNationalPost



No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)