ရသေ့တောင်မြို့နယ်၌ မိခင်နှင့်ကလေးကျန်းမာရေးဌာနမှ အသက် (၅) အောက်ကလေးငယ်များအား အာဟာရ ဖွံ့ဖြိုးရေး ရက်သတ္တပတ်လှုပ်ရှားမှု ဆောင်ရွက် - Myanmar National Post

Myanmar National Post

News Agency

Breaking

ရသေ့တောင်မြို့နယ်၌ မိခင်နှင့်ကလေးကျန်းမာရေးဌာနမှ အသက် (၅) အောက်ကလေးငယ်များအား အာဟာရ ဖွံ့ဖြိုးရေး ရက်သတ္တပတ်လှုပ်ရှားမှု ဆောင်ရွက်






MNP ၊  ဩဂုတ်  ၁၀

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့၌ မိခင်နှင့်ကလေးကျန်းမာရေးဌာနမှ အသက်(၅) အောက် ကလေးငယ်များအား အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်လှုပ်ရှားမှုဆောင်ရွက်ခြင်းကို ယနေ့နံနက် (၁၁) နာရီအချိန်၌ ရွှေကျင်ဘုန်းတော်ကြီးကျောင်း

တိုက်၌ ပြုလုပ်သည်။


အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်ဆောင်ရွက်မှု (ဒုတိယအပတ်) ဆောင်ရွက်ရာ၌ မြို့နယ်အမျိုး သမီးရေးရာအဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်းများတို့က ဝိုင်းဝန်းကူညီကာ အသက် (၆) လမှ (၅)နှစ်အတွင်းရှိ ကလေးငယ်များအား Vitamin – A တိုက်ကျွေးခြင်း၊ အသက် (၂)နှစ်မှ (၅)နှစ်အတွင်းရှိ ကလေးငယ်များအား Albendarre (သံချဆေး) တိုက်ကျွေးခြင်း၊ အသက် (၆) မှ (၅)နှစ် အတွင်းရှိ ကလေးငယ်များအား ကိုယ်အလေးချိန် ချိန်တွယ်ခြင်း၊ အရပ်အမြင့်တိုင်းခြင်းနှင့် လက်မောင်း လုံးပတ်တိုင်းခြင်းများကို ဆောင်ရွက်သည်။


ထိုနည်းတူစွာ ရသေ့တောင်မြို့နယ်အတွင်းရှိ ကျေးရွာများ၌လည်း ကျေးလက်ကျန်းမာရေးဌာန(ခွဲ)များ၌ တာဝန်ရှိကျန်းမာရေးဝန်ထမ်းများက အသက် (၆) မှ (၅)နှစ်အတွင်းရှိ ကလေးငယ်များအား အာဟာရ ရက်သတ္တပတ်လှုပ်ရှားမှု ဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနမှ သိရသည်။


https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)