MNP ၊ ဩဂုတ် ၁၇
၂၀၂၃ ခုနှစ် ၊ စက်တင်ဘာလ ၁၃ ရက်နေ့တွင်ကျရောက်မည့် လူကုန်ကူးမှုတားဆီးကာကွယ် ရေးနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ရှမ်းပြည်နယ်တောင်ပိုင်း ၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ယမန်နေ့မနက်ပိုင်းက လူကုန်ကူး မှုပပျောက်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့သည်။
အသိပညာပေးဟောပြောပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်စိုးဦး က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းထွန်း ၊ မြို့နယ်ဥပဒေအရာရှိ ဦးငြိမ်းချမ်းထက် တို့က လူကုန်ကူးမှုဖြစ်ပွားရသည့်အကြောင်းရင်း ၊ လူကုန်ကူးမှုပုံစံ၊ လူကုန်ကူးသူပွဲစား များစည်းရုံးတတ်သည့်အလေ့အထများ ၊ လူကုန်ကူးမှုဆိုင်ရာ ဥပဒေနှင့်ပြစ်မှုပြစ်ဒဏ်များအကြောင်းကို ရှင်းလင်းဟောပြောရာ တက်ရောက်လာကြသည့် လူမှုရေးအသင်းအဖွဲ့နှင့် လူငယ်လူရွယ်များက မိမိတို့ သိရှိလိုသည်များကို ပြန်လည်မေးမြန်း ဆွေးနွေးခဲ့သည်။
ထို့နောက်မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက စီစဉ်တင်ဆက်သော လူငယ်နှင့် မျိုးချစ်စိတ်ဓာတ် ၊ လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင် ၊ ဓာတ်ပုံများကို ခင်းကျင်းပြသရာ တက်ရောက်လာသူများက လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ချော
https://t.me/MyanmarNationalPost





No comments:
Post a Comment