(၇)ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲနှင့် (၂၇)ကြိမ်မြောက် တရုတ် (ကူမင်း) ပို့ကုန်/သွင်းကုန် ကုန်စည်ပြပွဲသို့ မြန်မာနိုင်ငံမှ ပြည်ထောင်စုဝန်ကြီးများ တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

(၇)ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲနှင့် (၂၇)ကြိမ်မြောက် တရုတ် (ကူမင်း) ပို့ကုန်/သွင်းကုန် ကုန်စည်ပြပွဲသို့ မြန်မာနိုင်ငံမှ ပြည်ထောင်စုဝန်ကြီးများ တက်ရောက်





ကူမင်း ဩဂုတ် ၁၇

တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့ Kunming Dianchi Lake International Con-vention and Exhibition Centre ၌ ဩဂုတ် ၁၆ ရက် တွင် ကျင်းပသည့် (၇)ကြိမ်မြောက် တရုတ် - တောင် အာရှကုန်စည်ပြပွဲနှင့် (၂၇) ကြိမ်မြောက် တရုတ် (ကူမင်း) ပို့ကုန်/သွင်းကုန် ကုန်စည်ပြပွဲ (7th China-South Asia Exposition and the 27th China Ku- mming Export and Import Fair) သို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်၊ ဦးမောင်မောင်အုန်းနှင့် ဦးအောင်နိုင်ဦးတို့ တက်ရောက်ကြသည်။


ဖွင့်ပွဲအခမ်းအနားသို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနဝန်ကြီး၊ နိုင်ငံခြားရေးရာဗဟိုကော်မရှင် ညွှန်ကြားရေးမှူးနှင့် CPC ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင် မစ္စတာဝမ်ယိ၊ သီရိလင်္ကာဒီမိုကရက်တစ် ဆိုရှယ်လစ်သမ္မတနိုင်ငံဝန်ကြီးချုပ် H.E Dinesh Gunawardena ၊ နီပေါနိုင်ငံ ဒုတိယသမ္မတ H.E Ran Sahay Prasad Yadav ၊ CPC ယူနန်ပြည်နယ် ကော်မတီအတွင်းရေးမှူး H.E Wang Ning၊ ယူနန် ပြည်နယ်အုပ်ချုပ်ရေးမှူး မစ္စတာ ဝမ်ယွီပေါ၊ လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ ဒုတိယသမ္မတ H.E Pany Yatho Tou၊ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ ဒုတိယဝန်ကြီးချုပ် H.E Tran Luu Quang ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ စီးပွားရေးရာဒုတိယ ဝန်ကြီး H.E Li Fei ၊ CPC ဗဟိုကော်မတီ နိုင်ငံတကာ ရေးရာဌာန ဒုတိယဝန်ကြီး H.E Sun Haiyan ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး၊ ဘူတန်ဘုရင့်နိုင်ငံ စက်မှု၊ စီးပွားရေးနှင့် အလုပ်ခန့်ထားရေးဝန်ကြီး H.E Karma Dorji ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ လက်ထောက်ဝန်ကြီး H.E Nong Rong ၊ မော်ဒိုက် သမ္မတနိုင်ငံ နိုင်ငံခြားရေးရာဝန်ကြီး H.E Ahmed Kahaleel၊ နီကာရာဂွါ သမ္မတနိုင်ငံဖွံ့ဖြိုးတိုးတက်ရေး၊ စက်မှုနှင့် စီးပွားရေးရာဝန်ကြီး H.E Jesu's Ber-mudez၊ ပြင်သစ်လွှတ်တော်အမတ် H.E Philippe Folliot တို့ တက်ရောက်ကြသည်။


အခမ်းအနားမစတင်မီ ပြပွဲ၏ဂုဏ်ထူးဆောင် နိုင်ငံပြခန်းဖွင့်ပွဲအခမ်းအနားကိုကျင်းပရာ ယဉ်ကျေးမှု ဝန်ကြီးဌာနမှ အနုပညာရှင်များက မြန်မာ့ယဉ်ကျေးမှု အကဖြင့် တင်ဆက်ကပြကြပြီး စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးက နှုတ်ခွန်းဆက်စကားပြောကြား၍ အာဆီယံနှင့် တောင်အာရှနိုင်ငံအချို့မှ နိုင်ငံတော်အဆင့်ပုဂ္ဂိုလ်များနှင့်အကြီးအကဲများ၊ ပြည်ထောင်စု ဝန်ကြီးနှင့် ယူနန်ပြည်နယ်အုပ်ချုပ်ရေးမှူး မစ္စတာဝမ်ယွီပေါတို့က ပြခန်းကို စက်ခလုတ်နှိပ်၍ ဖွင့်လှစ် ပေးကာ ဧည့်သည်တော်များနှင့်အတူ လှည့်လည် ကြည့်ရှုစစ်ဆေးသည်။


ဆက်လက်၍ (၇)ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲကိုကျင်းပရာ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးက တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အာဆီယံနှင့် တောင်အာရှနိုင်ငံများမှ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်များနှင့်အတူ တက်ရောက်အမှာ စကားပြောကြားသည်။


ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးက မြန်မာနိုင်ငံသည် တရုတ်နိုင်ငံနှင့် တောင်အာရှနိုင်ငံများအကြား ပေါင်းကူးသဖွယ်တည်ရှိနေကြောင်း၊ ထို့ကြောင့် ဒေသတွင်း စီးပွားရေး၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု များမှတစ်ဆင့် တိုးတက်မှုအလျင်မြန်ဆုံးဒေသအဖြစ် ပြည်သူများ၏ သာယာဝပြောရေးကို ဖော်ဆောင်ပေး နိုင်ရေး ခိုင်မာသောပူးပေါင်းဆက်သွယ်မှုများ အလေးထားဆောင်ရွက်သွားလိုကြောင်း၊ ဒေသတွင်းစီးပွား ရေးပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်များအနေဖြင့် အာဆီယံ - တရုတ် လွတ်လပ်သောကုန်သွယ် မှုသဘောတူညီချက် ASEAN China Free Trade Agreement ACFTA 3.0 အဆင့်မြှင့်တင်ရေးညှိနှိုင်း ဆွေးနွေးရေး တတိယအကျော့ကို ၂၀၂၃ ခုနှစ် ဇွန်လတွင် ကူမင်းမြို့တွင် ကျင်းပခဲ့ကြောင်း၊ နောက်တစ်ကြိမ် တွင်ကျင်းပမည့် ညှိနှိုင်းဆွေးနွေးပွဲတွင် ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ဝန်ဆောင်မှုကဏ္ဍများသာမက ကဏ္ဍအားလုံးပါဝင်သော လွတ်လပ်သောကုန်သွယ်မှု ဒေသဖန်တီးတည်ဆောက်နိုင်ရန် ဒစ်ဂျစ်တယ် စီးပွားရေး၊ အစိမ်းရောင်စီးပွားရေးကဏ္ဍများကိုလည်း ဆွေးနွေးသွားမည်ဖြစ်ကြောင်း၊ ဒေသတွင်း ကုန်သွယ်ရေးနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဖွံ့ဖြိုးတိုးတက်စေရန်၊ တရုတ်နိုင်ငံနှင့် တောင်အာရှ အရှေ့တောင်အာရှနိုင်ငံများမှ ပြည်သူများစည်းလုံးညီညွတ်ရေး၊ သာယာဝပြောရေးနှင့် ကုန်စည်ပြပွဲ အောင်မြင်စေရန် ဆုမွန်ကောင်းတောင်းပါကြောင်း ပြောကြားသည်။


ကုန်စည်ပြပွဲတွင် မြန်မာနိုင်ငံမှ ကုန်သည်နှင့် လုပ်ငန်းရှင်ပေါင်း ၁၀၀ ကျော်တို့က နိုင်ငံ၏လယ်ယာ ထွက်ကုန်များ၊ လက်မှုပစ္စည်းများနှင့် အဖိုးတန်ကျောက်မျက်ရတနာများကို ခင်းကျင်းပြသမည်ဖြစ် ပြီး ဆက်စပ်စီးပွားရေးဖိုရမ်များသို့လည်း တက်ရောက်ကြမည်ဖြစ်သည်။ မြန်မာနိုင်ငံအနေဖြင့် ယခုကဲ့သို့ ပါဝင်ပြသခြင်းသည် ဒုတိယအကြိမ်ဖြစ်ပြီး ပထမအကြိမ်အဖြစ် ၂၀၁၈ ခုနှစ် ဇွန်လတွင် ကျင်းပသည့် (၅)ကြိမ်မြောက် တရုတ် - တောင်အာရှ ကုန်စည်ပြပွဲတွင်လည်း ပါဝင်ပြသခဲ့ကြောင်း ပြပွဲ၏ခေါင်းစဉ်မှာ Solidarity and Coordination for Common Development ဖြစ်ကြောင်း သိရသည်။


ပြပွဲသို့ နိုင်ငံပေါင်း ၈၄ နိုင်ငံမှ အဆင့်မြင့် ကိုယ်စားလှယ်တော်များ တက်ရောက်ကြသည်။


အဆိုပါကုန်စည်ပြပွဲသို့ မြန်မာနိုင်ငံမှပြခန်းပေါင်း ၃၆ ခန်း ပြသခဲ့ကာ အာဆီယံနှင့် တောင်အာရှနိုင်ငံ များ၊ ကမ္ဘာတစ်ဝန်းရှိ နိုင်ငံများနှင့် ဒေသပေါင်း ၈၀ ကျော်မှ ကုန်စည်ပြခန်းများပါဝင်ပြီး စက်မှုကဏ္ဍ၊ လယ်ယာကဏ္ဍ၊ စိုက်ပျိုးရေးကဏ္ဍ၊ ဇီဝဆေးနှင့် အထွေထွေပစ္စည်းများ၊ နိုင်ငံတကာလူသိများသော စီးပွားရေးလုပ်ငန်းများနှင့် ထုတ်ကုန်များ၊ တောင်အာရှ၏ ကုန်စည်ပြခန်းများ၊ အဆင့်မြင့်ကုန်ထုတ် လုပ်ငန်းပြခန်းများနှင့် အခြားပြခန်းအမျိုးအစား ပေါင်း ၁၅ ခုပါဝင်ကြောင်း သိရသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)