မိတ္ထီလာမြို့နယ် စစ်မှုထမ်းဟောင်းအဖွဲ့၏ အသက်(၇၅)နှစ်ပြည့် အဖွဲ့ဝင်များအား ထောက်ပံ့ငွေများ ပေးအပ်ပွဲအခမ်းအနား ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိတ္ထီလာမြို့နယ် စစ်မှုထမ်းဟောင်းအဖွဲ့၏ အသက်(၇၅)နှစ်ပြည့် အဖွဲ့ဝင်များအား ထောက်ပံ့ငွေများ ပေးအပ်ပွဲအခမ်းအနား ကျင်းပ



MNP ၊  ဩဂုတ်  ၂၄

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ် စစ်မှုထမ်းဟောင်းအဖွဲ့၏ အသက်(၇၅)နှစ်ပြည့်အဖွဲ့ဝင်များအား ထောက်ပံ့ငွေများ ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်က အဆိုပါရုံးအစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။


အခမ်းအနားတွင်  မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့ဥက္ကဋ္ဌ ဗိုလ်မှူးသန်းနိုင်(ငြိမ်း)က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဒုတိယဥက္ကဋ္ဌ ဗိုလ်ကြီးနန္ဒကျော်သူ(ငြိမ်း)က မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့၏ အသက်(၇၅)နှစ်ပြည့် အဖွဲ့ဝင်များအား ထောက်ပံ့ငွေများပေးအပ်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ယင်းနောက် မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၏ အသက်(၇၅)နှစ်ပြည့် အဖွဲ့ဝင်များအား မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ချုပ်(ဗဟိုဌာနချုပ်)မှ တစ်ဦးလျှင် ၅၀၀၀၀ကျပ်နှုန်း၊ မန္တလေးတိုင်းဒေသကြီး စစ်မှုထမ်းဟောင်းအဖွဲ့(စည်ပင်ပြင်ပ)မှ တစ်ဦးလျှင် ၂၅၀၀၀ကျပ်နှုန်းနှင့် မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့မှ တစ်ဦးလျှင် ၁၀၀၀၀ကျပ်နှုန်းဖြင့် အဖွဲ့ဝင် ၆၂ ဦးအား မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့ဥက္ကဋ္ဌ ဗိုလ်မှူးသန်းနိုင်(ငြိမ်း)နှင့် ဒုတိယဥက္ကဋ္ဌ ဗိုလ်ကြီးနန္ဒကျော်သူ(ငြိမ်း)တို့က အသီးသီးပေးအပ်ခဲ့သည်။


အဆိုပါ အစည်းအဝေးကို မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့ဥက္ကဋ္ဌ ဗိုလ်မှူးသန်းနိုင်(ငြိမ်း)၊ ဒုတိယဥက္ကဋ္ဌ ဗိုလ်ကြီးနန္ဒကျော်သူ(ငြိမ်း)နှင့် တာဝန်ရှိသူများ၊ မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။


သိန်းမြင့်ကျော်

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)