MNP ၊ ဩဂုတ် ၂၄
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံတက္ကသိုလ်၌ လူကုန်ကူးမှုတားဆီးကာကွယ်ရေး၊ မူးယစ်ဆေးဝါး အန္တရာယ်ကင်းစင်ရေးနှင့် ယာဉ်စည်းကမ်းထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ နံနက် (၁၀) နာရီ အချိန်က အဆိုပါကျောင်း ဘက်စုံသုံးခန်းမတွင် ပြုလုပ်ခဲ့သည်။
ဟောပြောပွဲတွင် ခရိုင်ဥပဒေအရာရှိ ဒေါ်ချောယုဝင်းက မူးယစ်ဆေးဝါး အန္တရာယ်ကင်းစင်ရေးနှင့် ပြစ်မှုပြစ်ဒဏ်များအကြောင်း၊ အမှတ် (၉၅) ယာဉ်ထိန်းတပ်ဖွဲ့စု ဒုရဲမှူး အောင်ကြီးက ယာဉ်စည်းကမ်းထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေး ဟောပြောခြင်း၊ မြင်းခြံခရိုင် လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့စိတ် ရဲအုပ် ကျော်ဆန်းက လူကုန်ကူးမှု တားဆီးကာကွယ်ရေး ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြင်းခြံခရိုင်ရဲတပ်ဖွဲ့ ဒုတိယရဲမှူးကြီး ထွန်းမြက မှုခင်းများ လျော့ချနိုင်ရေး ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီး ဆွေးနွေး ဟောပြောခဲ့ကြသည်။
အခမ်းအနားသို့ မြင်းခြံခရိုင်ရဲတပ်ဖွဲ့ ဒုတိယရဲမှူးကြီး ထွန်းမြ၊ ခရိုင်ဥပဒေအရာရှိ ဒေါ်ချောယုဝင်း၊ အမှတ် (၉၅) ယာဉ်ထိန်းတပ်ဖွဲ့စု ဒုရဲမှူး အောင်ကြီး၊ မြင်းခြံခရိုင် လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့စိတ် ရဲအုပ် ကျော်ဆန်း၊ မြင်းခြံတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ အေးအေးဟန်၊ ဒုတိယ ပါမောက္ခချုပ်များ၊ သင်ကြားရေးဌာများမှ ပါမောက္ခများ၊ ဌာနမှူးများ၊ စီမံ/သင်တန်း အရာရှိများ၊ ကျောင်းသား/ကျောင်းသူများ (၂၂၃) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
ကျော်စွာ
https://t.me/MyanmarNationalPost
No comments:
Post a Comment