ရွှေတောင်မြို့နယ်တွင် "တက္ကသီလာ"စာကြည့်တိုက် ဖွင့်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွှေတောင်မြို့နယ်တွင် "တက္ကသီလာ"စာကြည့်တိုက် ဖွင့်ပွဲကျင်းပ







MNP ၊  ဩဂုတ်  ၂၂

ပဲ ခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် ကြာနီကန်ရပ်ကွက်၊ ရန်ကုန် - ပြည်လမ်း အထကကျောင်းအနီးတွင် ယမန်နေ့ နံနက်ပိုင်းက "တက္ကသီလာ" စာကြည့်တိုက်ဖွင့်ပွဲ အခမ်းအနားကျင်းပခဲ့ကြောင်းသိရသည်။


အခမ်းအနားတွင် "တက္ကသီလာ"စာကြည့်တိုက် တည်ထောင်သူ ဦးဌေးဝင်းက စာကြည့်တိုက်ဖြစ်ပေါ်လာပုံနှင့် စာကြည့်တိုက်ဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ မိမိအရပ်ဒေသတွင်ရှိသော စာပေကို မြတ်နိုးတန်ဖိုးထားသူများ ၊စာပေချစ်သူများအတွက် ရည်ရွယ် ဖွင့်လှစ်ခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ 


ဆက်လက်၍မြန်မာနိုင်ငံစာကြည့်တိုက်‌များဖောင်ဒေးရှင်း ပဲခူးတိုင်းဒေသကြီး (ဒုတိယဥက္ကဌ) ဒေါ်ခင်နှင်းဆီရွှေ နှင့် ရွှေတောင်မြို့နယ် စာရေးဆရာအသင်း ဥက္ကဌ ဒေါ်ခင်ယုနိုင် အေပရယ်ယုနိုင်-(ရွှေတောင်)တို့က အမှတ်တရ စကားပြောကြားခဲ့သည်။


ထို့နောက် ပြန်ကြားရေးနှင့်ပြည့်သူ့ဆက်ဆံရေးဦးစီးဌာန ၊ ဦးစီးအရာရှိဒေါ်ငြိမ်းငြိမ်းသန့်က စာကြည့်တိုက်ရေရှည်ရှင်သန်ခိုင်မာရေးအတွက် စာကြည့်တိုက်တစ်ခု၏ လုပ်ဆောင်ရမည့် အချက်များ၊ စာကြည့်တိုက်ပညာရပ်များကိုရှင်းလင်းပြောကြားခဲဲ့ပြီး" တက္ကသီလာ"စာကြည့်တိုက် တည်ထောင်သူ ဦးဌေးဝင်းအား အလှူရှင် စာရေးဆရာကြီး / ဆရာမကြီးများနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တို့မှ စာအုပ်စာစောင်များလှူဒါန်းပေးခဲ့သည်။ အဆိုပါ စာကြည့်တိုက်တွင် သုတ၊ရသစာအုပ်ပေါင်း ၁၅၀၀ကျော်ခန့်ထားရှိပြီး တာဝန်ရှိသူများနှင့် စာပေချစ်သူများက စာကြည့်တိုက်အတွင်း ကြည့်ရှုလေ့လာခဲ့ ကြောင်းသိရသည်။


ကိုကိုမင်း

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)