မအီမြို့ ကျောက်ဝေကျေးရွာ အထက်တန်းကျောင်း(ခွဲ)၌ KG ကလေးငယ်များအား ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေး(ဒုတိယအကြိမ်) ကွင်းဆင်းထိုးနှံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မအီမြို့ ကျောက်ဝေကျေးရွာ အထက်တန်းကျောင်း(ခွဲ)၌ KG ကလေးငယ်များအား ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေး(ဒုတိယအကြိမ်) ကွင်းဆင်းထိုးနှံ






MNP ၊  ဩဂုတ်  ၂၁

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ အခြေခံပညာကျောင်းများတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးနှင့် ကျောင်းသား၊ ကျောင်းသူများ ကျန်းမာပျော်ရွှင်စွာ ပညာသင်ယူနိုင်ရေးအတွက် ပညာသင်ကြားနေသော ကျောင်းသား/ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm)(ဒုတိယအကြိမ်) ထိုးနှံပေးခြင်းကို ယနေ့ နံနက်ပိုင်းက ကျောက်ဝေကျေးရွာ၊ အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)၌ မအီမြို့၊ ကျေးလက်ကျန်းမာရေးဌာနနှင့် အဆိုပါကျေးရွာ ကျေးလက်ကျန်းမာရေးဌာန(ခွဲ) ဝန်ထမ်းများက ကွင်းဆင်းထိုးနှံပေးခဲ့ကြောင်း သိရသည်။


ထိုသို့ ကျောင်းအခြေပြုအနေဖြင့် ကိုဗစ်- ၁၉ ကာကွယ်ဆေးထိုးနှံပေးခြင်းကို မအီမြို့၊ ကျေးလက်ကျန်းမာရေးဌာနမှ ကျန်းမာရေးမှူး ဦးလှဝင်းက ဦးဆောင်ကြီးမှူး၍ ကျန်းမာရေးဝန်ထမ်းများက ကွင်းဆင်းထိုးနှံပေးခဲ့ခြင်းဖြစ်ပြီး ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံကြမည့် ကျောင်းသား၊ ကျောင်းသူများအား ဆေးမထိုးနှံမီ ကိုယ်အပူချိန်တိုင်းခြင်း၊ လက်သန့်စင်စေခြင်း၊ ကာကွယ်ဆေးထိုးနှံပြီးချိန်တွင် ခေတ္တအနားယူစေခြင်း စသည့်လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုများကို ကျန်းမာရေးဝန်ထမ်းများနှင့် ဆရာ/ဆရာမများက ပူးပေါင်းကူညီဆောင်ရွက်ပေးခဲ့ကြပြီး ကျန်းမာရေးဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခဲ့ကြသည်။ 


မအီမြို့ ကျေးလက်ကျန်းမာရေးဌာနအနေဖြင့် ကာကွယ်ဆေးထိုးရန်ကျန်ရှိနေသည့် အခြေခံပညာကျောင်းများကိုလည်း အလားတူ ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေးများကို ညွှန်ကြားချက်နှင့်အညီ သတ်မှတ်နေ့ရက်များအလိုက် ထိုးနှံပေးသွားမည်ဖြစ်ပြီး အဆိုပါ အ ထ က(ခွဲ) ကျောက်ဝေ ဆေးထိုးစုရပ်သို့ သိမ်ကျောင်းပြင်ကျေးရွာ၊ အောင်ဆိပ်ပြင်ကျေးရွာနှင့် ဝေကျေးရွာ အခြေခံပညာကျောင်းများမှ KG ကျောင်းသား/ ကျောင်းသူများက လာရောက်ထိုးနှံခဲ့ကြကြောင်း သိရသည်။


မောင်မောင်ဌေး

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)