ရခိုင်ပြည်နယ် မောင်တောမြို့နယ် ပန်းတောပြင်ချောင်းတွင် ရေဘေးကယ်ဆယ်ရေး သဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရခိုင်ပြည်နယ် မောင်တောမြို့နယ် ပန်းတောပြင်ချောင်းတွင် ရေဘေးကယ်ဆယ်ရေး သဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်






MNP ၊  ဩဂုတ်  ၂၁

ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင် ရေဘေးအန္တရာယ် ကူညီကယ်ဆယ်နိုင်ရေးအတွက် ဘေး အန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန  နှင့် မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ သဏ္ဍာန်တူ ဇာတ်တိုက် လေ့ကျင့်ခြင်းကို ယနေ့  နေ့ လယ် ၁ နာရီအချိန်  ပန်းတောပြင်ချောင်းအတွင်း၌ ပြုလုပ်ခဲ့ကြသည်။ 


ထိုသို့ ရေဘေးကယ်ဆယ်ရေး သဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်ခြင်းကို ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီး ဌာန  နှင့် မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ မြို့နယ် အတွင်း မိုးသည်းထန်စွာ အဆက်မပြတ်ရွာသွန်းမှုကြောင့် ကျေးရွာ များ တွင် ရေကြီးလွမ်းမိုးပါက ပြည်သူများအား ရေဘေးကင်းလွတ်သည့် နေရာသို့  ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များက အသက် ကယ်‌လှေ၊ စက်လှေဖြင့် ကူညီရွှေ့ပြောင်းခြင်း ၊ ကြိုးတန်း ဖြင့် ချောင်းတစ်ဖက်သို့ ဖြတ်ကူး ကူညီခြင်း ၊  ရေဘေး သင့် ပြည်သူများအား ကယ်ဆယ်ကူညီရေးအဖွဲ့မှ ယာယီခိုလှုံမည့် နေရာအား ပို့ဆောင်ခြင်း ၊ လှေဖြင့် ဘေးလွှတ်ရာသို့ ပြောင်း ရွှေ့ရာတွင်  လှိုင်းရိုက်ခတ်မှုဖြင့် လှေနစ်မှောက်သူ များ အား ရှာဖွေကူညီကယ်ဆယ်ခြင်း ၊ ကျွဲ ၊ နွား တိရစာ္ဆန် များအား ရေဘေးကွင်းလွှတ်ရာသို့ ပြောင်းရွှေ့ခြင်း တို့ကို သက်ဆိုင်ရာတာဝန်ရှိသူများ နှင့် ပြည်သူများ ပူးပေါင်းကာ ဇာတ်တိုက် လေ့ကျင့်ခြင်းများကို ဆောင် ရွက်ခဲ့ကြကြောင်းသိရသည်။ 


သက်လွင်စိုး ၊ အောင်ကျော်စိန် 

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)