ရခိုင်ပြည်နယ်မောင်တောမြို့တွင် ဝေသာလီ-ဥဒေါင်းသွားကားလမ်းပိုင်းရှိ ပျက်စီးခဲ့သော ရေထုတ်ပြွန်တံတားအား ယာယီစတီးအခင်းခင်းပြီး ယာဉ်သွားလာမှု ပြတ်တောက်မှုမရှိစေရေး ဆောင်ရွက်ထားရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရခိုင်ပြည်နယ်မောင်တောမြို့တွင် ဝေသာလီ-ဥဒေါင်းသွားကားလမ်းပိုင်းရှိ ပျက်စီးခဲ့သော ရေထုတ်ပြွန်တံတားအား ယာယီစတီးအခင်းခင်းပြီး ယာဉ်သွားလာမှု ပြတ်တောက်မှုမရှိစေရေး ဆောင်ရွက်ထားရှိ





MNP ၊  ဩဂုတ်   ၁၆

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့တွင် ဝေသာလီ-ဉဒေါင်းသွားကားလမ်းပိုင်းရှိ ပျက်စီးခဲ့သောရေထုတ်ပြွန်တံတားအား ယာယီစတီးအခင်းခင်းပြီး ယာဉ်သွားလာမှု ပြတ်တောက်မှုမရှိစေရေးဆောင်ရွက်ထားရှိကြောင်း သိရသည်။


မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေများစီးဆင်းကာ ချောင်းရေမြင့်တက်လာမှုကြောင့် ဝေသာလီ-ဉဒေါင်းသွားကားလမ်းပိုင်းရှိ မိုင်တိုင်အမှတ် ၁/၀ နှင့် ၁/၁ မိုင်ကြား (မေယုဂေါက်ကွင်းနှင့် ရွှေရင်အေးကျေးရွာ) ကြားရှိ ရေထုတ်ပြွန်တံတား (Box Culvert) ၁၀ ပေ ၊ ၂၄ ပေ ကွန်ကရစ်တံတား ကြမ်းခင်းမှာ ကွဲ အက်ခဲ့ပြီး လမ်းအပြင်ဘက်တံတား ဘောင်ကြမ်းခင်း ၅ပေ ခန့် ကျိူးကျပျက်စီးခဲ့သဖြင့် အဆိုပါ တံတားကွဲအက်မှုကြောင့် လူ /ဆိုင်ကယ်များ သွားလာခြင်းပြတ်တောက်မှုမရှိသော်လည်း ကုန်တင်ယာဉ်ကြီးများ ဖြတ်သန်းသွားလာပါက အန္တရာယ်ဖြစ်နိုင်သည့် အခြေအနေများရှိသဖြင့် သက်ဆိုင်ရာတာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ပြီး လမ်းညွန် မှာကြားချက်များအရ သက်ဆိုင်ရာလမ်းကြီးကြပ်ရေးအဖွဲ့မှ ပျက်စီးခဲ့သော ရေထုတ်ပြွန်တံတား ခရိုင်လမ်းဦးစီးဌာနမှ Stringer steel Decking (4)Nos ခင်း ၍ ယာယီအစီအစဉ်ဖြင့် ကုန်တင်ကားကြီးများ ဖြတ်သန်းနိုင်ရေး ဆောင်ရွက်ထားရှိကြောင်းသိရသည်။ အဆိုပါ ဝေသာလီ-ဉဒေါင်းသွားကားလမ်းပိုင်းရှိ ပျက်စီးခဲ့သော ရေထုတ်ပြွန်တံတားအား သက်ဆိုင်ရာတာဝန်ရှိသူများက ဘေလီတံတားအရှည် ပေ ၃၀ ခန့် တံတား ထိုးပေးနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်လျက်ရှိရာ ဘေလီတံတားအတွက် လိုအပ်လျက်ရှိသော ပစ္စည်းများအားအမ်းမြို့မှမောင်တောမြို့သို့ သယ်ယူရန်ဆောင်ရွက်လျက်ရှိပြီး မောင်တောမြို့သို့လိုအပ်သော ပစ္စည်းများရောက်ရှိပါက ဘေလီတံတားအမြန်ဆုံးတည်ဆောက်ပေးနိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


အောင်ကျော်စိန်

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)