ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့နယ်၊ အူးဖူဒေ့အာခါကျေးရွာ၌ (၁၃)ကြိမ်မြောက် အာခါတိုင်းရင်းသားရိုးရာဒန်းစီးပွဲတော် ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့နယ်၊ အူးဖူဒေ့အာခါကျေးရွာ၌ (၁၃)ကြိမ်မြောက် အာခါတိုင်းရင်းသားရိုးရာဒန်းစီးပွဲတော် ကျင်းပ


MNP ၊ ဩဂုတ် ၁၂

(၁၃)ကြိမ်မြောက် အာခါရိုးရာစုပေါင်း ဒန်းစီးပွဲတော်ကို ယနေ့နံနက် ပိုင်းတွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းဆတ်မြို့နယ်၊ အူးဖူဒေ့အာခါ ကျေးရွာ၌ ပြုလုပ်ရာ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အောင်ခိုင်ဝင်းနှင့် အဖွဲ့ဝင်များ၊ ပြည်နယ် အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အာခါရိုးရာစာပေနှင့် ယဉ်ကျေးမှု အဖွဲ့ဝင်များ၊ ‌ဒေသခံတိုင်းရင်းသားများနှင့်ဖိတ်ကြားထားသော ဧည့်သည်များ တက်ရောက်ကြသည်။

ဦးစွာ အာခါတိုင်းရင်းသားရိုးရာ စုပေါင်းဒန်းစီးပွဲတော်နှင့်ပတ်သက်၍ အာခါ တိုင်းရင်းသား စာပေနှင့်ယဉ်ကျေးမှုနာယက ဉီးမင်းညိုမှ ရှင်းလင်းတင်ပြပြီး အာခါ တိုင်းရင်းသား ကျေးရွာအကြီးအကဲ တစ်ဦးက ဒန်းတော်ကို ပထမဦးစွာ အာခါရိုးရာ ဓလေ့ထုံးတမ်းနှင့်အညီ မင်္ဂလာပြုစီးနင်းပြီး  တိုင်းမှူးနှင့် တက်ရောက်လာကြသူများက အာခါရိုးရာဓလေ့ထုံးတမ်းနှင့်အညီ မင်္ဂလာပြုစီးနင်းကြသည်။

ထို့နောက် အာခါရိုးရာယဉ်ကျေးမှုခန်းမဆောင်၌ အာခါရိုးရာစုပေါင်း ဒန်းစီးပွဲတော်ကို ဆက်လက်ကျင်းပပြုလုပ်ရာ တိုင်းမှူးနှင့်တာဝန်ရှိသူများက အမှာစကားများ အသီးသီးပြောကြားသည်။ ယင်းနောက် အူးဖူဒေ့အာခါ ကျေးရွာ၊ ရွာသားတစ်ဦးက အာခါတိုင်းရင်းသားရိုးရာ စုပေါင်းဒန်းစီးပွဲတော်ပြု လုပ်ရခြင်းနှင့် ပတ်သက်၍ သမိုင်းကြောင်းအား ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက အာခါ တိုင်းရင်းသား ရိုးရာ စုပေါင်းဒန်းစီးပွဲတော်အတွက် အလှူငွေများ အသီးသီး ပေးအပ်ရာ အာခါတိုင်းရင်းသား တာဝန်ရှိသူတစ်ဦးက လက်ခံရယူပြီး အမှတ်တရ လက်ဆောင်များ ပြန်လည်ပေးအပ်ကာ အာခါရိုးရာစာပေနှင့် ယဉ်ကျေးမှုနာယကမှ ကျေးဇူတင်စကား ပြန်လည်ပြောကြားသည်။ ယင်းနောက် တိုင်းမှူးနှင့် တက်ရောက်လာကြသူများက အာခါရိုးရာ ယဉ်ကျေးမှု အကများဖြင့် သီဆိုဖျော်ဖြေ နေမှုအား ကြည့်ရှုအားပေးကြသည်။

အဆိုပါ အာခါတိုင်းရင်းသားများ၏ (၁၃)ကြိမ်မြောက်အာခါတိုင်းရင်းသား ရိုးရာဒန်းစီးပွဲတော်ကို အာခါတိုင်းရင်းသားတို့၏ ရိုးရာဓလေ့အရ စည်းလုံးညီညွတ် ခြင်း၊ ငြိမ်းချမ်းခြင်းနှင့် စားရေရိက္ခာ ဖူလုံစေရန်အတွက်  နှစ်စဉ်ကျင်းပ ပြုလုပ်လျက် ရှိကြောင်း သတင်းရရှိသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)