ဖလမ်းမြို့ရှိ နယ်မြေခံ တပ်ဌာနချုပ်သို့ အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်သည့် CNF အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်သမားများ ထိခိုက်အကျအဆုံးများစွာဖြင့် ဆုတ်ခွာ ထွက်ပြေးသွားရ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဖလမ်းမြို့ရှိ နယ်မြေခံ တပ်ဌာနချုပ်သို့ အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်သည့် CNF အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်သမားများ ထိခိုက်အကျအဆုံးများစွာဖြင့် ဆုတ်ခွာ ထွက်ပြေးသွားရ






MNP ၊ ဩဂုတ် ၁၂

ချင်းပြည်နယ်၊ ဖလမ်းမြို့ရှိ နယ်မြေခံတပ်ရင်းဌာနချုပ်အား CNF အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများက ယနေ့နံနက် ၂ နာရီ ၃၀ မိနစ်မှစ၍ လက်နက်ကြီး၊ လက်နက်ငယ်များ  အသုံးပြုကာ နေရာ ၄ နေရာခွဲ၍ အလစ်အငိုက် ချဉ်းကပ်ဝင်ရောက် တိုက်ခိုက်မှု ဖြစ်ပွားခဲ့သည်။  

CNF အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်သမားများသည် ဖလမ်းမြို့ရှိ နယ်မြေခံ တပ်ရင်း ဌာနချုပ်အား အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်ခဲ့သော်လည်း တပ်ရင်းဌာနချုပ် ရှိ အရာရှိ၊ စစ်သည်၊ ရဲမေများအနေဖြင့် တပ်ရင်းလုံခြုံရေးအတွက် အသင့်စုဖွဲ့ထားရှိပြီး လုံခြုံရေးအသိ၊ လုံခြုံရေးသတိရှိမှုနှင့် ချက်ချင်းတုံ့ပြန်ပစ်ခတ်နိုင်မှုကြောင့် အကြမ်းဖက်အဖွဲ့များသည် တပ်ရင်းဌာနချုပ်အား သိမ်းပိုက်နိုင်ခြင်းမရှိဘဲ နံနက် ၃ နာရီခန့်တွင် အကျအဆုံးများစွာဖြင့် တပ်ရင်းဌာနချုပ်၏ အနောက်တောင်ဘက်သို့ ဖရိုဖရဲဆုတ်ခွာ ထွက်ပြေးသွားခဲ့သည်။ အဆိုပါ တပ်ရင်းဌာနချုပ်နေရာသို့ စစ်ကူစစ်ကြောင်းများမှလည်း အချိန်မီရောက်ရှိလာပြီး ရန်သူဆုတ်ခွာရာနောက်သို့ လိုက်လံရှင်းလင်းလျက်ရှိကြောင်း သိရသည်။

ဖြစ်စဉ်တွင် အကြမ်းဖက်အဖွဲ့များထံမှ အလောင်းများနှင့် လက်နက်ခဲယမ်း၊ ဆက်စပ် ပစ္စည်းများ သိမ်းဆည်းရမိခဲ့ပြီး မိမိဘက်မှ အရာရှိ၊ စစ်သည်အချို့ ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

တပ်မတော်အနေဖြင့် နိုင်ငံတော်အတွင်း လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် နယ်မြေဒေသ တည်ငြိမ်အေးချမ်းရေးအတွက် လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများကို ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)