ငပုတောမြို့နယ် သက္ကာယ်ချောင်းကျေးရွာတွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရံပုံငွေမှ ပံ့ပိုးပစ္စည်းရယူ၍ မျိုးသန့်စပါး စိုက်ပျိုးဆောင်ရွက်ထားမှုအား မြို့နယ်စိုက်တိုးမြှင့်အဖွဲ့မှ ကွင်းဆင်းကြည့်ရှု - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ငပုတောမြို့နယ် သက္ကာယ်ချောင်းကျေးရွာတွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရံပုံငွေမှ ပံ့ပိုးပစ္စည်းရယူ၍ မျိုးသန့်စပါး စိုက်ပျိုးဆောင်ရွက်ထားမှုအား မြို့နယ်စိုက်တိုးမြှင့်အဖွဲ့မှ ကွင်းဆင်းကြည့်ရှု

 



MNP ၊  ဩဂုတ်  ၂၂

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားစေရေးကော်မတီဥက္ကဋ္ဌ ဦးကျော်သူနှင့် စိုက်တိုးမြှင့်အဖွဲ့ဝင်များသည် ဩဂုတ်လ ၂၀ ရက်နေ့ ညနေပိုင်းက သက္ကာယ်ချောင်းကျေးရွာ စံပြတောင်သူ ဦးမောင်မောင်စိုး၏ လယ်မြေတွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရံပုံငွေမှ ပံ့ပိုးပစ္စည်းရယူ၍ မျိုးသန့်စပါးစိုက်ပျိုးဆောင်ရွက်ထားမှု အ​ခြေအနေအား ကွင်းဆင်းကြည့်ရှု့ခဲ့သည်။


ထို့သို့ ကွင်းဆင်းကြည့်ရှု့စစ်ဆေးရာတွင် မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားစေရေးကော်မတီဥက္ကဋ္ဌ ဦးကျော်သူနှင့် စိုက်တိုးမြှင့်အဖွဲ့ဝင်များသည် တောင်သူ ဦးမောင်မောင်စိုး၏ လယ်မြေတွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရံပုံငွေမှ ပံ့ပိုးပစ္စည်းများရယူ၍ မျိုးသန့်းစပါးခင်းများအား  ပိုက်ဆံလျှော်၊ ဓာတ်မြေသြဇာနှင့် သဘာဝမြေသြဇာများ အချိုးကျ ထည့်သွင်းဆောင်ရွက်ထားရှိမှုများနှင့် မြေဩဇာအမျိုးအစား ခွဲခြားသုံးစွဲစိုက်ပျိုးနေမှုအခြေအနေ ကွင်းဆင်းစစ်ဆေးကာ လိုအပ်သည်များကို တာဝန်ရှိသူများထံ မှာကြားခဲ့ကြောင်း သိရသည်။


အောင်သူ 

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)