တောင်ကုတ်ခရိုင်၌ မိုးစပါးထွန်တုံးပိတ်ပွဲအခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တောင်ကုတ်ခရိုင်၌ မိုးစပါးထွန်တုံးပိတ်ပွဲအခမ်းအနားကျင်းပ






MNP ၊  ဩဂုတ်  ၂၂

ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင်၏ မိုးစပါးထွန်တုံးပိတ်ပွဲအခမ်းအနားကို ယနေ့ နံနက်(၈)နာရီခွဲအချိန်က တောင်ကုတ်မြို့နယ် ၊ ကန်းဒေးကျေးရွာ၌ ကျင်းပခဲ့သည်။


အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးကျော်မြင့်လှိုင် နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးဇာနည်တိုး တို့က လယ်ယာကဏ္ဍတိုးတက်ဖွံ့ဖြိုးရေးအတွက်အမှာစကားပြောကြားပြီးနောက် ခရိုင်စိုက်ပျိုးရေးဦးစီး ဌာန ၊ခရိုင်ဦးစီးမှူး(တာဝန်ခံ)ဦးထွန်းသိန်း က ၂၀၂၃-၂၀၂၄ ခုနှစ်၊ မိုးစပါးစိုက်ပျိုးပြီးစီးမှုအခြေအနေနှင့် ထွန်တုံး ပိတ်ပွဲ ပြုလုပ်ရ သည့် ရည်ရွယ်ချက်များကိုရှင်းလင်းတင်ပြသည်။


ထို့နောက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မှ ဝန်ထမ်းများက (EM)ဘိုကာရှီပြုလုပ်နည်းများကိုလက်တွေ့သရုပ် ပြရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးကျော်မြင့်လှိုင် နှင့်တာဝန်ရှိသူများ ၊ တောင်သူများ ကကြည့်ရှုသည်။ တောင်ကုတ်ခရိုင်တွင် ၂၀၂၃-၂၀၂၄ခုနှစ် ၊ မိုးစပါးစိုက်ဧက (၉၅၇၂၃)ဧကရှိပြီး တောင်ကုတ်မြို့နယ်တွင်(၆၈၄၀၂)ဧက ၊ မာန်အောင်မြို့နယ်တွင် (၂၇၃၂၁)ဧကရှိကြောင်း ခရိုင်စိုက်ပျိုးရေးဦးစီးဌာန မှသိရသည်။


အဆိုပါ အခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးကျော်မြင့်လှိုင်နှင့်အဖွဲ့ဝင်များ ၊ မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့ ဥက္ကဌ ဦးဇာနည်တိုး နှင့်အဖွဲ့ဝင်များ ၊ ခရိုင် ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊စိုက်ပျိုးရေးကြီးကြပ်အဖွဲ့များ၊ ဒေသခံတောင်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)