MNP ၊ ဩဂုတ် ၂၁
ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊အမ်းမြို့နယ်တွင်မြို့နယ်စီမံအုပ်ချူပ်ရေးအဖွဲ့မှကြီးကြပ်၍မြို့နယ်စီမံအုပ်ချူပ်ရေးအဖွဲ့ဝင်များနှင့်ဌာနဆိုင်ရာများ အမှတ်(၂၁) ယာဉ် ထိန်းရဲတပ်ဖွဲ့စု၊ အမ်း ယာဉ်ထိန်းရဲတပ် ဖွဲ့စိတ်မှ တပ်ဖွဲ့စိတ်မှူးတို့ပူး ပေါင်း၍ယနေ့ နံနက်ကအမ်းမြို့ မြို့ဝင်ကျော်ဆံ ဆီဆိုင် လမ်းဆုံတွင် ယာဥ်အ န္တရာယ်ကင်းရှင်းရေး ယာဉ်စည်းကမ်းလမ်းစည်းကမ်းများအားလိုက်နာဆောင် ရွက်နိုင်ရေးအသိပညာပေးခြင်းနှင့်လက် ကမ်းစာစောင်များဖြန့်ဝေခြင်းကို ဆောင် ရွက်ခဲ့ကြောင်းသိရှိရသည်။
အဆိုပါ ယာဉ်လမ်းစည်းကမ်းအသိပညာ ပေးရာတွင် မြို့နယ်စီမံအုပ်ချူပ်ရေးအဖွဲ့ဝင် မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူးမင်းဦးနှင့်တပ်ဖွဲ့ဝင်များအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မှ ဒုတိယမြို့နယ်အုပ်ချုပ် ရေးမှူး ဦးရွှေအေး နှင့်ဌာနဆိုင်ရာများအမှတ် (၂၁)ယာဉ်ထိန်းရဲတပ် ဖွဲ့စု၊ အမ်းယာဉ်ထိန်းရဲတပ်ဖွဲ့စိတ်မှ တပ်ဖွဲ့စိတ်မှူးဒုရဲအုပ် သန့်ဇင်ဦး နှင့်တပ်ဖွဲ့ဝင်များက ခရီးသည်တင်ယာဥ်များ ကုန်တင်ယာဥ် အိမ်စီးယာဥ် (၇၀)ခန့်အားရပ်တန့်ပြီး အသက်ကယ်ထိုင်ခုံခါးပါတ်တပ်ဆင်မောင်းနှင်ခြင်းရှိမရှိ၊အရက်သောက်မောင်းနှင်ခြင်းရှိမရှိ၊ဖောင်းကြွနံပါတ်ပြား သစ်များတပ်ဆင်ထားခြင်းရှိ မရှိနှင့်ယာဥ်မောင်းနေစဥ်ဖုန်းပြောဆိုမောင်းနှင်ခြင်းများ မြို့တွင်းကျေးရွာတွင်းလမ်းများ၌ အရှိန်လျော့မောင်းနှင်ကြရန်ပြောကြာကာယာဥ်စည်းကမ်းလမ်းစည်းကမ်းလက်ကမ်းစာစောင်များအားဖြန့်ဝေခဲ့သည်။
ဆက်လက်၍ မော်တော်ဆိုင်ကယ်(၃၀)စီးခန့်အား မော်တော်ဆိုင်ကယ်စီးနှင်းရာတွင် နှစ်ဦးထပ်ပိုစီးမစိးနင်းကြရန်၊ဆိုင်ကယ်စီးသူတိုင်းလုံခြုံစိတ်ချရသောဆိုင်ကယ်ဦးထုပ်ဆောင်းခြင်း မေးသိုင်းကြိုးတပ်ဆင်မောင်းနှင့်ကြရန်နှင့်ယာဥ်စည်းကမ်း လိုက်နာမှုမရှိသောကြောင့် သေဆုံးသူ များ လာသဖြင့် ယာဉ်စည်းကမ်းလမ်း စည်းကမ်းနှင့်အညီ လိုက်နာကြရန် ယာဉ် မောင်းသူ လမ်းအသုံးပြုသူများတစ်ဦးချင်းကိုယ် စီ အသိဖြင့် လိုက်နာဖို့လိုအပ်ကြောင်းပြောကြားပြီးယာဉ်စည်းကမ်းလမ်းစည်း ကမ်းလက်ကမ်းစာစောင် (၃၀၀)စောင်အားဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။
https://t.me/MyanmarNationalPost





No comments:
Post a Comment