MNP ၊ ဩဂုတ် ၁၁
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ သိန်းနီမြို့ရှိ မြို့လယ် မင်္ဂလာရုံကျောင်းတိုက်မှ သံဃာတော်များနှင့် သာသနာနွယ်ဝင် သီလရှင်များအား အရှေ့မြောက်တိုင်းစစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေးအဖွဲ့များက ပြည်သူ့ဆေးရုံမှ ကျန်းမာရေး ဝန်ထမ်းများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် အဆိုပါကျောင်းတိုက်၌ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။
ထိုသို့ဆောင်ရွက်ပေးလျက်ရှိရာ သံဃာတော် ၂၀၀ ပါးနှင့် သာသနာနွယ်ဝင် သီလရှင် ၁၀၅ ပါးတို့အား မျက်စိရောဂါ၊ သွားနှင့်ခံတွင်း ရောဂါ၊ ခွဲစိတ်ကုသမှုဆိုင်ရာ ရောဂါ၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ၊ ဖျားနာရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးပြီး ECG စက်၊ အက်ထရာ ဆောင်းစက်တို့ဖြင့် ရောဂါရှာဖွေ စမ်းသပ်ကုသပေးခြင်းများ ဆောင်ရွက်ပေးသည်။
ယင်းသို့ဆောင်ရွက်နေမှုများကို တာဝန်ရှိသူများက လိုက်လံကြည့်ရှုဖူးမြော် ကြည်ညိုပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
#MyanmarNationalPost

No comments:
Post a Comment