MNP ၊ ဩဂုတ် ၁၆
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေးအတွက် မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ ကျောင်းကျန်းမာရေးစစ်ဆေးခြင်းလုပ်ငန်းများကို ယမန်နေ့ နံနက်ပိုင်းက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ဆောင်ရွက် ကြသည်။
အဆိုပါ ကျောင်းကျန်းမာရေး စစ်ဆေးပေးခြင်းလုပ်ငန်းများကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဆရာဝန်၊ ဆရာမများက ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာရေး၊ ပိုးလောက်လမ်း ကာကွယ်နှိမ်နင်းရေး၊ သန့်စင်ခန်းများ ကျန်းမာရေးနှင့် ညီညွတ်စေရေး၊ ကျောင်းသား/ကျောင်းသူများ၏ အိမ်တွင် အသုံးပြုနေသော အိမ်သုံးဆားများအား အိုင်အိုဒင်းပါဝင်မှု စစ်ဆေးပေးခြင်း၊ သွေးလွန်တုတ်ကွေးရောဂါ ကာကွယ်ရေးအတွက် ရေကန်ရေအိုးများ စစ်ဆေး၍ အဘိတ်ဆေးခတ်ခြင်းများဆောင်ရွက်ပြီး သွားနှင့်ခံတွင်း ဆရာဝန် ဒေါက်တာစိုးသန်းထိုက်က သွားကျန်းမာရေးအကြောင်း သိကောင်းစရာများကို ဟောပြော၍ KG တန်းအား သွားတိုက်တံအချောင်း (၂၀၀) ကို ဖြန့်ဝေပေးခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာရေးစစ်ဆေးပေးကာ ပျိုရွယ်သူ ကျောင်းသူများအား သံဓာတ်အားဆေးများပေးအပ်ရာ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ တာဝန်ရှိသူများ၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်နန်းခမ်းမန်နှင့် ဆရာ၊ ဆရာမများက လိုအပ်သည်များ ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မင်းလွင်ဦး
https://t.me/MyanmarNationalPost
No comments:
Post a Comment