MNP ၊ ဩဂုတ် ၁၈
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်ကျန်းမာရေးဦးစီးဌာနနှင့်ပညာရေးဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှုအခမ်းအနားကို ယမန်နေ့၊ မွန်းလွဲပိုင်းကအမှတ်(၁)အခြေခံပညာအထက် တန်းကျောင်း၊ မဟာပညာကျော်ခန်းမ၌ကျင်းပခဲ့သည်။
ရှေးဦးစွာ တာဝန်ခံမြို့နယ်ပညာရေးမှူး ဦးကျော်နုက အဖွင့်အမှာစကား ပြောကြားပြီး၊ “မိုခါ”မုန်တိုင်းလွန်ကာလ၏ နောက်ဆက်တွဲရောဂါများ ကာကွယ်စောင့်ရှောက်ရေးအဖွဲ့မှ ပုဏ္ဏားကျွန်းမြို့နယ်တာဝန်ခံ ဒေါက်တာ သူရိန်ထွန်းက အထွေထွေကျန်းမာရေးဗဟုသုတ သိမှတ်ဖွယ်ရာများနှင့်ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားဆောင်ရွက်ရခြင်း၏ ရည်ရွယ် ချက်တို့ကိုရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ ကျန်းမာရေးမှူး ဦးစိုးထက်ကိုက “လူငယ်နှင့်မူးယစ်ဆေးဝါး” ခေါင်းစဉ်ဖြင့် ရှင်းလင်းပြောကြားခဲ့သည်။
ထိုနောက် ကျန်းမာရေးမှူး ဦးသူရိန်ဦးက ကျောင်းကျန်းမာရေးအတွက် အာဟာရဖွံ့ဖြိုးမှုနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး၊ ကျန်းမာရေးသူနာပြုဆရာမကြီး ဒေါ်ခင်ဝင်ညိုက တုပ်ကောင်၊ သန်ကောင်များကြောင့် ဖြစ်ပွားတတ်သည့် ရောဂါများအကြောင်းကို ရှင်းလင်း ပြောကြားခဲ့သည်။
အဆိုပါအခမ်းအနားသို့ တာဝန်ခံမြို့နယ်ပညာရေးမှူး ဦးကျော်နု၊ မိုခါမုန်တိုင်းလွန်ကာလ၏ နောက်ဆက်တွဲရောဂါများ ကာကွယ်စောင့်ရှောက်ရေးအဖွဲ့မှ ဒေါက်တာ သူရိန်ထွန်းနှင့် ကျန်းမာရေးမှူးများ၊ မြို့နယ်ကျန်းမာရေးဝန်ထမ်းများ၊ ကျောင်းအုပ်ဆရာမကြီးနှင့်ဆရာ၊ ဆရာမများ၊ Grade-9 နှင့် Grade-10 ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြပြီး၊ ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာရေးစစ်ဆေးပေးခြင်း၊ သန်ချဆေးတိုက်ကျွေးခြင်း၊ သံဓာတ်အားဆေးပြား တိုက်ကျွေး ခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
နီထွန်းအောင်
https://t.me/MyanmarNationalPost
No comments:
Post a Comment