လုပ်ငန်းတာဝန်ကျေပွန်သည့် ဝန်ထမ်းများဖြစ်စေရန်နှင့် ပြည်သူ့အကျိုးကို ဖော်ဆောင်ပေးနိုင်သည့် ဝန်ထမ်းများ ဖြစ်စေရန် လိုအပ်ကြောင်း နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ပြောကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လုပ်ငန်းတာဝန်ကျေပွန်သည့် ဝန်ထမ်းများဖြစ်စေရန်နှင့် ပြည်သူ့အကျိုးကို ဖော်ဆောင်ပေးနိုင်သည့် ဝန်ထမ်းများ ဖြစ်စေရန် လိုအပ်ကြောင်း နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ပြောကြား

 


MNP ၊ ဩဂုတ် ၁၅

နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် နေပြည်တော်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ တွေ့ဆုံပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီရုံး၊ ဇမ္ဗူသီရိခန်းမ၌ ကျင်းပရာ လုပ်ငန်းတာဝန်ကျေပွန်သည့် ဝန်ထမ်းများဖြစ်စေရန်နှင့် ပြည်သူ့အကျိုးကို ဖော်ဆောင်ပေးနိုင်သည့် ဝန်ထမ်းများ ဖြစ်စေရန် လိုအပ်ကြောင်း နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး က ထည့်သွင်း ပြောကြားသွားသည်။


ရှေးဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက အဖွင့်အမှာစကားပြောကြားရာ၌ နိုင်ငံတော်အကြီးအကဲ၏ ဦးဆောင်မှုဖြင့် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေး၊ စာရေရိက္ခာဖူလုံရေး၊ ကုန်ထုတ်လုပ်ငန်းတိုးမြှင့်ရေးလုပ်ငန်းများကို တစ်နိုင်ငံလုံးတွင် အရှိန်အဟုန်ဖြင့် ကြိုးပမ်းဆောင်ရွက်နေကြောင်း၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ကို စံပြဖြစ်စေရေးနှင့် ကဏ္ဍပေါင်းစုံမှ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခမ်းအနားသို့ တက်ရောက်လာကြသော ဌာနဆိုင်ရာအကြီးအကဲ တာဝန်ရှိသူများအနေဖြင့် မိမိတို့ ဌာနများအလိုက် လုပ်ထုံးထုပ်နည်း၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ လုပ်ငန်းတာဝန်များကို အောင်မြင်အောင် ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊ မိမိကိုယ်တိုင်အရည်အချင်းရှိပြီး စည်းကမ်းကောင်းမွန်ရန် လိုသကဲ့သို့ မိမိကွပ်ကဲရသည့် အဖွဲ့အစည်းကိုလည်း စည်းကမ်း စနစ်တကျရှိစေရေးဆောင်ရွက်ရန်လိုကြောင်း၊ ဌာနဆိုင်ရာများသည် ပြည်သူကို အလုပ်အကျွေးပြုပြီး ဝန်ဆောင်မှုပေးရသည့် ဌာနများဖြစ်သဖြင့် ဝန်ထမ်းများအနေဖြင့် ကောင်းမွန်သည့် စီမံခန့်ခွဲမှုရှိစေရန်၊ လုပ်ငန်းတာဝန်ကျေပွန်သည့် ဝန်ထမ်းများဖြစ်စေရန်နှင့် ပြည်သူ့အကျိုးကို ဖော်ဆောင်ပေးနိုင်သည့် ဝန်ထမ်းများ ဖြစ်စေရန် လိုအပ်ပါကြောင်း၊ မိမိတို့နိုင်ငံ၌ ပြည်တွင်းကုန်ထုတ်လုပ်မှုလုပ်ငန်းများ၊ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ ဝန်ဆောင်မှုနှင့် အထွေထွေလုပ်ငန်းများကို အောင်မြင်အောင် ဆောင်ရွက်နိုင်ရန် လိုအပ်ပါကြောင်း၊ နိုင်ငံ့ဝန်ထမ်းများအနေဖြင့် လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်အတွက်ဆိုသည်ထက် နိုင်ငံ၏ အကျိုးစီးပွားအတွက်သာ မိမိတို့၏တာဝန်များကို ကျေပွန်စွာဖြင့် အလုပ်လုပ်ကြရန် လိုအပ်ပါကြောင်း၊ မိမိတို့နေပြည်တော်ကောင်စီနယ်မြေရှိ ဝန်ထမ်းအဆင့်ဆင့်အနေဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်များကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေး ခိုင်မာသော ယုံကြည်ချက်ဖြင့် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြရမှာဖြစ်ပါကြောင်း ပြောကြားသည်။


ထို့နောက် အခမ်းအနားသို့တက်ရောက်လာသည့် ဌာနဆိုင်ရာများက ဌာနများအလိုက် လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို မိတ်ဆက်ရှင်းလင်းတင်ပြကြသည်။


ယင်းနောက် ပျဉ်းမနားခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဥတ္တရခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌတို့က ခရိုင်/မြို့နယ်အုပ်ချုပ်ရေး၊ ဒေသဖွံ့ဖြိုးရေး၊ လူမှုရေးနှင့် စီးပွားရေးဆိုင်ရာ အချက်အလက်များအားလည်းကောင်း၊ အခမ်းအနားသို့ တက်ရောက်လာသည့် ဌာနဆိုင်ရာများက မိုးလေဝသအခြေအနေများ၊ စိုက်ပျိုးရေးလုပ်ငန်းများ၊ မွေးမြူရေးလုပ်ငန်းများ၊ အသေးစားစက်မှုလက်မှုလုပ်ငန်းများ၊ ပညာရေးဆိုင်ရာကိစ္စရပ်များ၊ ဒေသဖွံ့ဖြိုးရေးတိုးတက်ရေး လုပ်ငန်းများအား အသီးသီး ရှင်းလင်းတင်ပြခဲ့ရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက တင်ပြချက်များအပေါ် ပြန်လည်ဖြည့်စွက် ဆွေးနွေးပြီး လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။ 


မျိုးသီဟ

#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)