ကမ္ဘာ့သာသနာပြု မဟာဇေယျသိဒ္ဓိအဓိဌာန်ဆရာတော်ဘဒ္ဒန္တကုလရက္ခိတ၏ပုံတူ(ကြေး)ရုပ်တုတော်အား လောကဦးသျှောင်ထိုင်တော်မူ ဗုဒ္ဓရုပ်ပွားတော်တည်ရှိရာသို့ပင့်ဆောင် - Myanmar National Post

Myanmar National Post

News Agency

Breaking

ကမ္ဘာ့သာသနာပြု မဟာဇေယျသိဒ္ဓိအဓိဌာန်ဆရာတော်ဘဒ္ဒန္တကုလရက္ခိတ၏ပုံတူ(ကြေး)ရုပ်တုတော်အား လောကဦးသျှောင်ထိုင်တော်မူ ဗုဒ္ဓရုပ်ပွားတော်တည်ရှိရာသို့ပင့်ဆောင်







MNP ၊  ဩဂုတ်  ၁၀

ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်တွင် စစ်တွေမြို့ ကမ္ဘာ့သာသနာပြု မဟာဇေယျသိဒ္ဓိ အဓိဌာန်ဆရာတော်ဘဒ္ဒန္တကုလရက္ခိတ

၏ ပုံတူအမြင့်(၆)ပေရှိ(ကြေး)ရုပ်တုတော်ကို လောကဦးသျှောင်ထိုင်တော်မူ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးဘုရားဝင်း အတွင်းတွင်တည်ထား ကိုးကွယ်နိုင်ရန် တောင်ကုတ်မြို့မှမာန်အောင်မြို့သို့အလင်းရောင်သင်္ဘောဖြင့် ပင့်ဆောင်လာရာ ယနေ့နံနက်၉နာရီက

 မြို့မဆိပ်ကမ်းတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးမင်းဇော်ဟိန်းနှင့်အဖွဲ့ဝင်များ၊ဘုရားဂေါပကအဖွဲ့ဝင်များ၊ဌာနဆိုင်ရာများနှင့်ဝန်ထမ်းများ၊လူမှုရေး အသင်း အဖွဲ့ဝင်များနှင့် ပြည်သူများက ကြိုဆိုပူဇော်ခဲ့ကြသည်။


  ထို့နောက်ဆရာတော်၏ပုံတူ(ကြေး)ရုပ်တုတော်ကိုမော်တော်ယာဥ်ဖြင့် ပင့်ဆောင်ကာ ဦးဥတ္တမလမ်း၊စာတိုက်လမ်းနှင့်ဗန္ဓုလလမ်း တစ်လျှောက်လှည့်လည် အပူဇော်ခံပြီး အနောက်စုရပ်ကွက်ရှိ လောကဦးသျှောင်ထိုင်တော်မူဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးတည်ရှိရာ ဘုရားဝင်းအတွင်းရှိ ယာယီ ကျောင်းဆောင်ပေါ်သို့ ပင့်ဆောင်ခဲ့ကြောင်းသိရသည်။


   မာန်အောင်မြို့နယ်တွင်အနောက်စုရပ်ကွက်ရှိ မြို့ဦး၌ကမ္ဘာ့သာသနာပြုမဟာဇေယျသိဒ္ဓိအဓိဌာန်ဆရာတော်ဘဒ္ဒန္တကုလ

ရက္ခိတမှ ဦးဆောင်ကြီးမှူး၍ပြည်တွင်း ပြည်ပ အလှူရှင်များနှင့်ပူးပေါင်းကာ တည်ထားကိုးကွယ်မည့် ဉာဏ်တော်(၁၀၈)ပေအမြင့်ရှိ လောကဦးသျှောင် ထိုင်တော်မူ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို၂၀၂၂-ခုဖေဖေါ်ဝါရီ၂၀ရက်နေ့တွင် ပန္နက်တော်တင် အုတ်မြစ်ချ မင်္ဂလာအခမ်းအနားပြုလုပ် ကျင်းပပြီး တည်ထားလျက်ရှိသည်။


ဦးသိန်းဖေ

https://t.me/MyanmarNationalPost





No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)