ဂွမြို့နယ်တွင် အသက်(၅)နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများနှင့် ပြည်သူများအား ကိုဗစ်ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ဂွမြို့နယ်တွင် အသက်(၅)နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများနှင့် ပြည်သူများအား ကိုဗစ်ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေး




MNP ၊  ဩဂုတ်  ၁၀

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် အသက်(၅)နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူ များနှင့် အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအားအား ကိုဗစ်ကာကွယ်ဆေး Sinopharm ထိုးနှံပေးခြင်းကို ယနေ့ နံနက်ပိုင်းက (ဂွ)စုရပ်၊ (ဆပ်သွား)စုရပ်နှင့် (ကျိန္တလီ)စုရပ် စသည့် စုရပ်နေရာများတွင် ဆက်လက်ထိုးနှံပေးလျက်ရှိသည်။


ထိုသို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံရာတွင်  အသက်(၅)နှစ်ပြည့်ပြီးသည့် အသက်(၁၂)နှစ်မှ (၁၈)နှစ်အတွင်း ကျောင်းသား၊ ကျောင်းသူ(၂၈)ဦးကို  Second Dose ကာကွယ်ဆေးအား လည်းကောင်း၊ အသက် (၁၈)နှစ်နှင့်အထက် ပြည်သူသူ (၂၀)ဦးကို  ဒုတိယအကြိမ် ထပ်ဆောင်း(Second Booster)အား လည်းကောင်း၊ ပြည်သူ(၁၀၃)ဦးကို တတိယအကြိမ် ထပ်ဆောင်း(Third Booster)အား လည်းကောင်း  ထိုးနှံပေးခဲ့ကြောင်း သိရသည်။


ထို့နောက် စုရပ်နေရာများသို့ ကာကွယ်ဆေးထိုးရန်ရောက်ရှိလာကြသော ကျောင်းသား/သူများနှင့် ပြည်သူများအား ကျန်းမာရေးဝန်ထမ်းများက ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင် ချိန် တိုင်းတာပေးခြင်း၊  စနစ်တကျ စာရင်းရေးသွင်းခြင်းနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးပြီးနောက် မိနစ်(၃၀)ခန့် အနားယူစေခြင်းတို့ဖြင့် ကျန်းမာရေး စောင့်ရှောက် ပေးလျက်ရှိကြောင်း သိရသည်။


ရွှေရည်ဝင်းကျော်

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)