MNP ၊ ဩဂုတ် ၁၀
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ဝန်ထမ်းများ စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့၊ မွန်းလွဲ(၁)နာရီ အချိန်က ဆောင်ရွက်ခဲ့ကြသည်။
ဦးစွာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ရွှေရည်ဝင်းကျော်က ဝန်ထမ်းများအနေဖြင့် "လစာ၊ ထောက်ပံ့ကြေး၊ ခရီးစရိတ်နှင့် အခြားစရိတ်များ၊ ခွင့်အမျိုးအစားများ၊ ခွင့်နှင့်စပ်လျဥ်းသည့် သတ်မှတ်ချက်များ" အား သိရှိနိုင်စေရန် ရည်ရွယ်၍ ဝန်ထမ်းများနှင့် စာဖတ်ဝိုင်း ဆွေးနွေးရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ ဦးစီးအရာရှိ ဒေါ်ရွှေရည်ဝင်းကျော်က လစာ၊ ထောက်ပံ့ကြေး၊ ခရီးစရိတ်နှင့် အခြားစရိတ်များ အကြောင်းအား လည်းကောင်း၊ ဒုတိယဦးစီးမှူး ဦးခိုင်မိုးမင်းက ခွင့်(၁၀)မျိုးအကြောင်းအား လည်းကောင်း၊ လုပ်သားရုပ်သံ ဒေါ်ခင်မို့မို့ကျော်၊ ရုံးအကူ ဒေါ်မေမြတ်ချိုနှင့် ယာယီနေ့စား ဒေါ်မျိုးမီမီသက်တို့က ခွင့်နှင့်စပ်လျဥ်းသည့် သတ်မှတ်ချက်များအား လည်းကောင်း တစ်ဦးချင်း ဖတ်ကြားဆွေးနွေးခဲ့ကြပြီး ဝန်ထမ်းများမှ သိရှိလိုသည်များကို ဦးစီးအရာရှိက ပြန်လည်ဖြေကြား ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။ ဂွမြို့နယ်ရုံး အနေဖြင့် ဝန်ထမ်းများ၏ စွမ်းဆောင်ရည်များ တိုးတက်မြင့်မားလာစေရန် ရည်ရွယ်၍ ဝန်ထမ်းများ စာဖတ်ဝိုင်းကို တစ်လလျှင် နှစ်ကြိမ် ပြုလုပ်ဆောင်ရွက်လျက် ရှိသည်။
ရွှေရည်ဝင်းကျော်
https://t.me/MyanmarNationalPost



No comments:
Post a Comment