မက်မန်းမြို့နယ်တွင် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မက်မန်းမြို့နယ်တွင် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ


MNP ၊  ဩဂုတ်  ၁၁

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်တွင် ဒေသဖွံ့ဖြိုတိုးတက်ရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့နံနက် ၈ နာရီအချိန်က မက်မန်းမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအ‌ဝေးခန်းမတွင် ကျင်းပခဲ့သည်။


အစည်းအဝေးတွင် မက်မန်းမြို့နယ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌကိုယ်စား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁) ဗိုလ်မှူးသောင်းစိန်က မက်မန်းမြို့နယ်တွင် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စိုက်/ကြပ်ကော်မတီများ ဖွဲ့စည်းပေးထားပြီး ဖြစ်ပါကြောင်း၊ ကော်မတီတွင်ရှိသော စိုက်/ကြပ်တာဝန်ခံများအနေဖြင့် စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်းများ အောင်မြင်ဖြစ်ထွန်နိုင်ရေး ကြပ်မတ်ဆောင်ရွက်သွားရန်၊ မက်မန်းမြို့နယ်တွင် ဒေသကြက်ဥအထွက်နှုန်းတိုးတက်ရေးနှင့် စားသုံးသူများ ဈေးနှုန်းချိုသာစွာ ရောင်းချဖြန့်ဖြူးနိုင်ရေး ဆောင်ရွက်သွားရန်၊ အပတ်စဉ် မြို့သန့်ရှင်းသာယာလှပရေးအတွက် သန့်ရှင်းရေးဆောင်ရွက်သွားရန်၊ မိုးရာသီအတွင်း ပိုးလောက်လန်း ပေါက်ဖွားမှုမရှိစေရေး  ဖုံး၊ သွန်၊ လဲ စစ်ဆေးခြင်းများကို အပတ်စဉ်ဆောင်ရွက်သွားရန်၊ မိုးရာသီတွင် မြေပြိုမှုများ ဖြစ်ပွာနိုင်သဖြင့် မက်မန်း -မိုင်းပျဉ်း ကားလမ်းအခြေအနေအား အမြဲတင်ပြပေးရန် ဆွေးနွေးမှာကြားခဲသည်။


ထို့နောက် မြို့နယ်အဆင့်တက်ရောက်လာကြသော ဌာနဆိုင်ရာများက စိုက်ပျိုးရေးတိုးတက်မှု အခြေအနေအားလည်းကောင်း၊ မွေးမြူရေး တိုးတက်မှုအခြေအနေအားလည်းကောင်း၊ လမ်း/တံတားများ ပြုပြင်ထိန်းသိမ်းနေမှုအခြေအနေများလည်းကောင်း၊  ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်မှုအခြေအနေနှင့် မြို့နယ်အတွင်း သန့်ရှင်းသာယာလှပရေး ဆောင်ရွက်လျက်ရှိသော အခြေအနေများကို ပြန်လည်တင်ပြခဲ့ကြောင်း သိရသည်။


စောဥမ္မာ

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)