မိုးကောင်းချောင်းရေ မြင့်တက်လာမှုကြောင့် ချောင်းနှင့်ထိစပ်သည့် မြေနိမ့်ပိုင်းနေရာအချို့ ရေဝင်ရောက်မှု ဖြစ်ပေါ်နေ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုးကောင်းချောင်းရေ မြင့်တက်လာမှုကြောင့် ချောင်းနှင့်ထိစပ်သည့် မြေနိမ့်ပိုင်းနေရာအချို့ ရေဝင်ရောက်မှု ဖြစ်ပေါ်နေ




MNP ၊  ဩဂုတ်  ၁၁

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့တွင် နန့်ယင်းနှင့်နန့်ကောင်း ချောင်းရေမြင့်တက်လာမှုကြောင့် ချောင်းနှင့် ထိစပ်သည့် မြေနိမ့်ပိုင်းနေရာအချို့၌ ယမန်နေ့တွင် ရေဝင်ရောက်မှု ဖြစ်ပေါ်နေကြောင်း သိရသည်။


ဩဂုတ်(၉)ရက်တွင် မိုးကောင်းမြို့နယ်နှင့်ဖားကန့်မြို့နယ်တို့၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဖားကန့်မြို့နယ်၊ ကားမိုင်းဘက်မှ စီးဆင်းလာသော နန့်ကောင်းချောင်းရေ မြင့်တက်လာပြီး ချောင်းနှင့်ထိစပ်သည့် အရှေ့ရပ်၊ အလယ်ရပ်၊ နန့်ရင်းရပ်၊ အိုးတန်းရပ်ကွက်နှင့် ကျွန်းတောရပ်ကွက် မြေနိမ့်ပိုင်းတို့၌ ချောင်းရေဝင်ရောက်မှု ဖြစ်ပေါ်လျက်ရှိသည်။


အဆိုပါ ချောင်းရေဝင်ရောက်မှုကြောင့် မြေနိမ့်အိမ်ခြေခြံဝန်းသို့ ရေဝင်ရောက်သော်လည်း ကယ်ဆယ်ရေးစခန်းသို့ ပြောင်းရွှေ့ထားရသည့် အိမ်ထောင်စုမရှိသေးပေ။


ထို့ကြောင့် ချောင်းရေအတက်အကျအား စောင့်ကြည့်လျက်ရှိပြီး ကယ်ဆယ်ရေးလုပ်ငန်းများ လိုအပ်လာပါက ကယ်ဆယ်ရေးအဖွဲ့များ ကြိုတင်စုဖွဲ့ထားရှိကာ ကြိုတင်ပြင်ဆင်ထားရှိရန်အတွက် အသိပေး နှိုးဆော်ဆောင်ရွက်ထားကြောင်း သိရသည်။


မိုးကောင်းချောင်းရေသည် ဩဂုတ်(၁၀)ရက် နေ့လယ်(၂)နာရီခွဲ မိုးလေဝသနှင့်ဇလဗေဒဦးစီးဌာနမှ တိုင်းထွာချက်အရ နန့်ယင်းချောင်းရေမှာ (၆၃၅)စင်တီမီတာ၊ နန့်ကောင်း ချောင်းရေ(၆၀၄) စင်တီမီတာထိ ရှိနေပြီး စိုးရိမ်ရေအမှတ်မှာ (၆၀၀)စင်တီမီတာဖြစ်ကြောင်း သိရသည်။


သန်းလွင်ဦး

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)