ပူတာအိုမြို့၌ မြို့နယ်တိုင်းခမ်းတီစာပေနှင့်ယဉ်ကျေးမှုကော်မတီ ဥက္ကဋ္ဌဖလား မိုးရာသီ အမျိုးသားအလွတ်တန်း ဘောလုံးပြိုင်ပွဲ ကွင်းဖွင့်ပွဲအခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပူတာအိုမြို့၌ မြို့နယ်တိုင်းခမ်းတီစာပေနှင့်ယဉ်ကျေးမှုကော်မတီ ဥက္ကဋ္ဌဖလား မိုးရာသီ အမျိုးသားအလွတ်တန်း ဘောလုံးပြိုင်ပွဲ ကွင်းဖွင့်ပွဲအခမ်းအနားကျင်းပ




MNP ၊  ဩဂုတ်  ၁၇

ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ် တိုင်းခမ်းတီစာပေနှင့်ယဉ်ကျေးမှုကော်မတီကကြီးမှူး၍ ဒေသခံလူ ငယ်များ မူးယစ်ဆေးဝါးသုံးစွဲမှုကို လျော့ကျလာစေပြီး အားကစားကဏ္ဍကို ပိုမိုဖွံ့ဖြိုးတိုးတက်စေရန်နှင့်လူ ငယ်များအချင်းချင်း ချစ်ခင်ရင်းနှီးပြီး ပူးပေါင်းဆောင်ရွက်လိုစိတ် အလေ့အကျင့်ကောင်းများ ရရှိစေရန်ရည်ရွယ်၍ မြို့နယ်တိုင်းခမ်းတီစာပေနှင့် ယဉ်ကျေးမှုကော်မတီ ဥက္ကဋ္ဌဖလား မိုးရာသီအမျိုးသားအလွတ်တန်း ဘောလုံးပြိုင်ပွဲကွင်းဖွင့်ပွဲ အခမ်းအနားကို ဩဂုတ်(၁၃)ရက် မွန်းလွဲ(၂)နာရီက ပူတာအိုခရိုင်ပြည်သူ့ အားကစား ကွင်း၌ကျင်းပသည်။


အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌကိုယ်စား အတွင်းရေးမှူး ဒုတိယရဲမှူးကြီး သိန်းဆွေညွန့်က ပူတာအိုဒေသ မူးယစ်ဆေးဝါးသုံးစွဲမှုကို လျော့ကျလာစေပြီး အားကစားကဏ္ဍကို ပိုမိုဖွံ့ဖြိုး တိုးတက်စေရန်ရည်ရွယ်ကျင်းပရခြင်းဖြစ်ကြောင်း၊ လူငယ်များအနေဖြင့် မြို့နယ်၊ ခရိုင်၊ ပြည်နယ်လက်ရွေးစင် ကစားသမားများဖြစ်သည်အထိ ကြိုးစားသွားကြရန်လိုအပ်ကြောင်းနှင့် ပူတာအိုဒေသ၊ မိမိလူမျိုးဂုဏ်ကို ဆောင်နိုင်သော အားကစားသမားကောင်းများ ဖြစ်လာအောင် ကြိုးစားသွားကြရန်မှာကြားလိုကြောင်း အမှာစကားပြောကြားပြီး  ပူတာအိုခရိုင် တိုင်းခမ်းတီစာပေနှင့် ယဉ်ကျေးမှုကော်မတီဥက္ကဋ္ဌ ဦးစောနွဲ့တင်လှက ပြိုင်ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်များနှင့် အားကစားစိတ်ဓာတ်ဖြင့် ပါဝင်ယှဉ်ပြိုင်သွားကြရန် တိုက်တွန်းပြောကြားသည်။


ဆက်လက်၍ ပြိုင်ပွဲဝင်အားကစားသမားများက အားကစားသစ္စာအဓိဌာန်ရွတ်ဆိုကြပြီး ပြိုင်ပွဲဝင်အသင်းများအား စစ်ကြောင်းမှူးမှ ဦးဆောင်၍ ကစားကွင်းအတွင်းမှ ထွက်ခွာခဲ့ကြကာ အစီအစဉ် ဒုတိယပိုင်းတွင် တိုင်းခမ်းတီစာပေနှင့်ယဉ်ကျေးမှုကော်မတီမှ တိုင်းခမ်းတီရိုးရာယဉ်ကျေးမှု အကအလှများဖြင့် ဖျော်ဖြေ တင်ဆက်ခဲ့ကြသည်။


ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ဒုတိယရဲမှူးကြီး သိန်းဆွေညွန့်၊ခရိုင်တိုင်းခမ်းတီ စာပေနှင့်ယဉ်ကျေးမှုကော်မတီဥက္ကဋ္ဌ ဦးစောနွဲ့တင်လှနှင့် တာဝန်ရှိသူများက ပြိုင်ပွဲဝင်အားကစားသမားများ အားရင်းရင်းနှီးနှီတွေ့ဆုံနူတ်ဆက်အားပေးစကားပြောကြားပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ဒုတိယရဲမှူးကြီး၊ ခရိုင်တိုင်းခမ်းတီစာပေနှင့် ယဉ်ကျေးမှုကော်မတီ ဥက္ကဋ္ဌ၊ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရဝမ်၊ လီဆူ၊ ဂျိမ်းဖောစာပေနှင့်ယဉ်ကျေးမှုအသင်းဥက္ကဋ္ဌ များနှင့် အဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများနှင့်ဘောလုံး ဝါသနာရှင်များက ကွင်းဖွင့်ပွဲအနေဖြင့် မန်ပန်လူငယ်ဘောလုံးအသင်းနှင့် ပန်းလှိုင်လူငယ် ဘောလုံးအသင်းတို့ ယှဉ်ပြိုင်ကစားနေမှုအား ကြည့်ရှုအားပေးခဲ့ကြသည်။


အဆိုပါပြို့င်ပွဲသို့ ပူတာအိုခရိုင်အတွင်းရှိ ပူတာအို၊ မချမ်းဘောမြို့နယ်များရှိ တိုင်းခမ်းတီ ကျေးရွာများမှ ပြိုင်ပွဲဝင်အသင်းပေါင်း(၁၀)သင်းတို့က ဩဂုတ်လ(၁၃)ရက်နေ့မှ စက်တင်ဘာ(၁၀)ရက်နေ့အထိ တစ်ရက်လျှင်တစ်ပွဲနှုန်းဖြင့် ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ပြီး  မြို့နယ်တိုင်းခမ်းတီစာပေနှင့်ယဉ်ကျေးမှုကော်မတီအနေဖြင့်  အဆိုပါပြိုင်ပွဲများကို ၂၀၂၂-ခုနှစ်တွင် ပထမအကြိမ်နှင့်ယခုနှစ်တွင် ဒုတိယအကြိမ်ကျင်းပခြင်းဖြစ်ကြောင်း မြို့နယ်တိုင်းခမ်းတီ စာပေနှင့်ယဉ်ကျေးမှုကော်မတီထံမှသိရသည်။       


ဖုန်ကန်

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)