MNP ၊ ဩဂုတ် ၁၂
မွန်ပြည်နယ် မုဒုံမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၁၀ နာရီက အခြေခံပညာမူလတန်း (ဗိုလ်တဲ) စာသင်ကျောင်း၌ ကျင်းပသည်။
ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီးက အဖွင့်အမှာစကားပြောကြားပြီး မုဒုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်မိုးမိုးစန္ဒာထွန်းက ကလေးငယ်များစစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီးထိန်းသိမ်းရေးဆိုင်ရာ သိကောင်းစရာများ၊ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အကြောင်းအရာများ၊ ယာဥ်စည်းကမ်းလမ်းစည်းကမ်းဆိုင်ရာ အကြောင်းအရာများကို ရှင်းလင်းပြောကြားသည်။ ထို့နောက် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံဦးစည်သူက စားသုံးသူကာကွယ်ရေးဆိုင်ရာ အကြောင်းအရာများကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ ကျောင်းသား/သူများ စာဖတ်ရှိန်မြှင့်တင်နိုင်ရေးအတွက် စာဖတ်စွမ်း ရည်ပြိုင်ပွဲများကို ပြုလုပ်ပေးခဲ့ပြီး အသိပညာပေးနံရံကပ်ပိုစတာနှင့် စာအုပ်စာစောင် များကို ခင်းကျင်းပြသပေးခဲ့ရာ ကျောင်းသား/သူများက စိတ်ဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment