MNP ၊ ဩဂုတ် ၁၂
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီးဌာန၊ ပဲခူးတိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့နှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့များ၊ ဝန်ထမ်းမိသားစုများမှ (၁၃)ကြိမ်မြောက် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းခြင်း အခမ်းအနားကို သြဂုတ်လ ၁၁ ရက်နေ့ နံနက်ပိုင်းက ပဲခူးမြို့သာသနာ့လင်းရောင်ကြည်ကျောင်းတိုက်၊ စိတ္တသုခဓမ္မာရုံ၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ နမောတဿသုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနားကိုဖွင့်လှစ်ပြီး ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွါးရေးရာဝန်ကြီးဦးတင်ဦးနှင့်ဇနီး၊ တိုင်းဒေသကြီး စည်ပင်သာယာရေးညွှန်ကြားရေးမှူး ဦးအောင်မြင့်နှင့်ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းမိသားစုများနှင့် ဖိတ်ကြားထားသောဧည့်သည်တော်များက သာသနာ့လင်းရောင်ကြည်ကျောင်းတိုက် ဦးစီးပဓာနနာယက ဆရာတော်ဘဒ္ဒန္တဥာဏိဿရ (သာသနဓဇဓမ္မာစရိယ) အရှင်သူမြတ်ထံမှ ငါးပါးသီလခံယူဆောက်တည်ကြသည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့အမှူးပြုသော ဝန်ထမ်းမိသားစုများက သာသနာ့လင်းရောင်ကြည်ကျောင်းတိုက်အတွင်း သီတင်းသုံးဝါဆိုဝါကပ်တော်မူကြမည့် ဆရာတော်၊ သံဃာတော်အရှင်သူမြတ် (၆၇) ပါးတို့အတွက် နဝကမ္မအလှူငွေများနှင့် ဝါဆိုသင်္ကန်းများဆက်ကပ်လှူဒါန်းကြပြီး လှူဒါန်းမှုအစုစုအတွက် အနုမောဒနာတရားနာယူ၍ ရေစက်သွန်ချအမျှအတမ်းပေးဝေကြသည်။
ယင်းနောက် ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များက မေတ္တာသုတ်ဒေသနာတရားတော်များ ရွတ်ပွားသရဇ္စျာယ်တော်မူကြပြီး ဗုဒ္ဓသာသနံစိရံတိဌတုသုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားကိုရုပ်သိမ်းခဲ့ကြောင်း သိရသည်။
သက်ဖြိုးကြိုင်
https://t.me/MyanmarNationalPost
No comments:
Post a Comment