MNP ၊ ဩဂုတ် ၁၂
ရွှေဘိုမြိုနယ်အတွင်း နေထိုင်လျက်ရှိပြီး အကြမ်းဖက်လုပ်ငန်းများ လုပ်ကိုင်နေသည့် PDF အကြမ်းဖက်သမားများအား တရားဝင်သောနည်းလမ်းဖြင့်ဖြစ်စေ၊ တရားမဝင်သောနည်းလမ်းဖြင့်ဖြစ်စေ ရရှိသည့် ရန်ပုံငွေများအား တရားဥပဒေနှင့် မညီဘဲ အကြိမ်ကြိမ်ထောက်ပံ့ပေးခဲ့ခြင်းနှင့် အကြမ်းဖက်အဖွဲအစည်းမှန်းသိလျက်ဖြင့် အကြမ်းဖက်လုပ်ငန်းများ ပါဝင်ဆောင်ရွက်ခဲ့သည့် PDF အကြမ်းဖက်သမား တရားခံများဖြစ်သော ချစ်ကောင်း နှင့် ချစ်ကို တို့(၂)ဦးအား ယမန်နေ့က စစ်ခုံရုံးဖြင့် စစ်ဆေးခဲ့ပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀(ည)၊ ၅၂(က) အရ ထောင်ဒဏ်တစ်သက် ချမှတ်ခဲ့ကြောင်း သိရသည်။
စစ်အုပ်ချုပ်ရေး (Martial Law) ကြေညာထားသည့် အနောက်မြောက်တိုင်း စစ်ဌာနချုပ်နယ်မြေအတွင်း အကြမ်းဖက်လုပ်ငန်းများ လုပ်ဆောင်နေသူများအား စစ်ခုံရုံးဖြင့် စစ်ဆေးစီရင်၍ ပြစ်မှုကျူးလွန်သူ (၁၉၈) ဦးအား အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မအသီးသီးဖြင့် ပြစ်ဒဏ်များချမှတ်ခဲ့ပြီး ဖြစ်ကြောင်း သိရသည်။
#MyanmarNationalPost

No comments:
Post a Comment