မူဆယ်ခရိုင်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် သဘာဝဘေးအန္တရာယ် ရေကြီးမြေပြိုမှုများဖြစ်ပွား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မူဆယ်ခရိုင်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် သဘာဝဘေးအန္တရာယ် ရေကြီးမြေပြိုမှုများဖြစ်ပွား



MNP ၊  ဩဂုတ်  ၁၂

မိုးရာသီမိုးများကာလ၌ မိုးအဆက်မပျက်ရွာသွန်းမှုကြောင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့တွင် ဩဂုတ်လ (၉) ရက်၊ ည (၇း၀၀) အချိန်ခန့်က နမ့်ပေါ်ချောင်းရေများ လျှံတက်၍ စွမ်စော်ရပ်ကွက်၊ လမ်းသွယ် (၇) အထိ ချောင်းရေများ လူနေအိမ်များအတွင်း ဝင်ရောက်ခဲ့ကာ နေအိမ်များအတွင်း၌ လူများပိတ်မိခဲ့ကြကြောင်းနှင့် ပန်ခမ်းချောင်းရေများလည်း ပန်းခမ်းကျေးရွာနှင့်တိန်းလုံကျေးရွာတို့တွင် လူနေအိမ်များအထိ ဝင်ရောက်ခဲ့ကြောင်း သိရသည်။


မူဆယ်မြို့တွင် နမ့်ပေါ်ချောင်းရေ လျှံတက်ဝင်ရောက်မှုကြောင့် အိမ်ထောင်စု (၃) စုမှ ကျား (၁၇) ဦး၊ မ(၂)ဦး၊ စုစုပေါင်း (၁၉) ဦးအား ရေးဘေးလွတ်ရာနေရာသို့ မူဆယ်ခရိုင်၊မီးသတ်ဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးနေဝင်းတိုးနှင့်မြို့နယ်မီးသတ်ဦးစီးအရာရှိ ဦးကျော်မျိုးတို့ကဦးဆောင်၍ သန္ဓေတပ်ဖွဲ့ဝင်များ နှင့်အရန်မီးသတ်တပ်ဖွဲ့ဝင်တို့မှ ကူညီကယ်ဆယ်ပို့ဆောင်ခဲ့ပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက် ရှိပါသည်။ ထို့အတူ ပန်ခမ်းချောင်းရေ လျှံတက်ဝင်ရောက်မှုကြောင့် ပန်ခမ်းကျေးရွာနှင့် တိန်းလုံကျေးရွာတို့တွင် ချောင်းရေများ လူနေအိမ်များအတွင်း ဝင်ရောက်ခဲ့ပြီး ပန်ခမ်းတံတားအဝင် ကားလမ်းဘေးတစ်ဖက်တစ်ချက်ရှိ လမ်းအကာအုတ်တံတိုင်းများနှင့် လမ်းမြေသားဘောင်များ ချောင်းရေတိုက်စားမှုကြောင့် ပျက်စီးခဲ့ကြောင်းသိရသည်။အဆိုပါမိုးသည်းထန်စွာရွာသွန်းမှုကြောင့် မူဆယ်မြို့နယ်အတွင်းရှိ နမ့်ပေါ်ချောင်းနှင့်ပန်ခမ်းချောင်းရေများ လျှံတက်ဝင်ရောက်ခဲ့၍ ရပ်ကွက်များနှင့်ရေဝင်ရောက်ရာကျေးရွာများရှိ ဒေသခံပြည်သူများကို ရေဘေးလွတ်ရာသို့ ပြောင်းရွှေ့နေထိုင်စေခဲ့ကြပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို ဆက်လက်လုပ်ဆောင်လျက် လူနှင့်တိရစ္ဆာန် ထိခိုက်ဆုံးရှုံးမှုမရှိကြောင်း သိရသည်။


အထက်ပါဖြစ်စဉ်နှင့်အတူ မူဆယ်ခရိုင်အတွင်းရှိ နမ့်ခမ်းမြို့နယ်၊မန်စပ်ကျေးရွာတွင် မိုးသည်း ထန်စွာရွာသွန်းမှုကြောင့် မြေပြို၍ အသက် (၂) နှစ်အရွယ် ကလေးငယ်တစ်ဦး ထိခိုက်ဒဏ်ရာရ သေဆုံးခဲ့ရပြီး မန်စပ်ကျေးရွာ၊ ဆာလုကျေးရွာ၊ ကြူဆိုင်းကျေးရွာ၊ ကောင်းဝိုင်းကျေးရွာနှင့် မန်းပူးကျေးရွာတို့တွင် မြေပြိုကျမှုကြောင့် လူနေအိမ် (၈) လုံး၊ မီးခိုချောင်အဆောက်အဦး (၂) လုံးအပြင် ဘုန်းတော်ကြီးကျောင်းခြံစည်းရိုးများ ပြိုကျပျက်စီးခဲ့ကာ ကာလတန်ဖိုး မြန်မာငွေကျပ်သိန်း (၁၀၀) ကျော် ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရှိရပါသည်။


https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)