စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြတ်ကျော် မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေး နည်းပညာပေးကွင်းသရုပ်ပြပွဲ အခမ်းအနားနှင့် ဧရာဝတီမြစ်အတွင်း ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားတက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြတ်ကျော် မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေး နည်းပညာပေးကွင်းသရုပ်ပြပွဲ အခမ်းအနားနှင့် ဧရာဝတီမြစ်အတွင်း ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားတက်ရောက်


MNP ၊  ဩဂုတ်  ၁၂

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြတ်ကျော်သည် တိုင်းဒေသကြီး/ခရိုင်/မြို့နယ် အဆင့် ဌာနဆိုင်ရာများ၊ စစ်ကိုင်းခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ လိုက်ပါလျက် သြဂုတ်လ ၁၀ ရက်နေ့၊ နံနက်ပိုင်းတွင် စစ်ကိုင်းမြို့နယ်၊ ကုန်းကျေးရွာရှိ စနစ်ကျလယ်ယာမြေဧက ၁၀၀ တွင် ကျင်းပပြုလုပ်သော မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေး နည်းပညာပေးကွင်းသရုပ်ပြပွဲ အခမ်းအနားသို့ တက်ရောက်ကြသည်။


ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က တောင်သူများအနေဖြင့် မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် မျိုးကောင်း၊ မျိူးသန့်များအားနည်းစနစ်တကျ စိုက်ပျိုးရေး ဆိုင်ရာ အလေ့အကျင့်ကောင်းများဖြင့် စိုက်ပျိုးနိုင်ရန် တစ်ဧကစံသက်မှတ်ချက် ကောက်ကွက်ပြည့်မီရေး၊ လစ်ဟင်းမှုမရှိလွယ်ကူစွာဆောင်ရွက်ရေးအတွက် ကြဲပတ်စနစ် မှအစေ့ချစိုက်ပျိုး သည့် Drum Seeder ဖြင့် စိုက်ပျိုးမှုနည်းပညာပေးကွင်းသရုပ်ပြပွဲအား ကျင်းပရခြင်းဖြစ်ပါကြောင်း၊ ပန်းတိုင်းအထွက်နှုန်းရရှိရေးအတွက် စိုက်ပျိုးရေးသွင်းအားစု ဓာတ်မြေသြဇာများအား အမှန်တကယ်စိုက်ပျိုးသည့် ကုန်ကျစရိတ်အနည်းဆုံးဖြင့် ဖြန့်ဖြူးပေးလျက်ရှိပါကြောင်း၊ ရာသီဥတုပြောင်းလဲမှုကြောင့် ရေလိုအပ်မှုရှိလာသည့် မိုးကောင်းသောက်လယ်မြေများကိုအောင် ရေရရှိရေးအတွက် ဆိုလာစနစ်ဖြင့် စိုက်ပျိုးရေပေးဝေလျက်ရှိရာတွင် တစ်ခုအပါအဝင်ဖြစ်သည့် ကျောက်ဆည်ကျေးရွာအုပ်စုရှိ စနစ်ကျတစ်ဧကကွက် ၁၀၀ (စံပြဧကတစ်ရာ)ကို ဆင်တပ်လျှပ်စစ်မြစ်ရေတင်မှ ဆိုလာစနစ်ဖြင့် အောင်ရေရရှိရေးဖြန့်ဝေပေးလျက်ရှိပြီး တောင်သူများအနေဖြင့် ရရှိသောစိုက်ပျိုးရေအား အကျိုးရှိရှိအသုံးချသွားကြရန်လိုအပ်ပါကြောင်း၊ မိုးစပါးပန်းတိုင် အထွက်နှုန်းရရှိခြင်းဖြင့် တောင်သူများအနေဖြင့်လည်း ဝင်ငွေတိုးတက်ကာ လူမှုစီးပွားဘဝ မြင့်တက်၍ အကျိုးကျေးဇူး များစွာရရှိမှာ ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။


ယင်းနောက် ခရိုင်စိုက်ပျိုးရေးဦးစီးမှူးမှ မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေး နည်းပညာပေးကွင်းသရုပ်ပြပွဲ ကျင်းပရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။


ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဒေသခံတောင်သူများထံ သဘာဝမြေသြဇာနှင့် Gypsum မြေသြဇာများထောက်ပံ့ပေးအပ်ခဲ့ပြီး ဒေသခံတောင်သူ များက စိုက်ပျိုးရေးလုပ်ငန်းများနှင့် ပတ်သက်၍ လိုအပ်သည်များကို ဆွေးနွေးတင်ပြကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးကာ အခမ်းအနားသို့တက်ရောက်လာကြသော ဒေသခံတောင်သူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်အားပေးကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြသည်။


ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဒေသခံတောင်သူများနှင့်အတူ မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေး နည်းပညာပေးကွင်းသရုပ်ပြသနေမှုအား ကြည့်ရှုအားပေးခဲ့ကြသည်။


ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် စစ်ကိုင်းခရိုင်အတွက် လက်ဆွဲမျိုးစေ့ချကိရိယာ Drum Seeder ပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က စစ်ကိုင်းမြို့နယ်၊ စိုက်ပျိုးရေးဦးစီးမှူးထံ လက်ဆွဲမျိုးစေ့ချကိရိ ယာ Drum Seeder များအား ထောက်ပံ့ပေးအပ်ခဲ့ပြီး တာဝန်ရှိသူများနှင့်အတူ လက်ဆွဲမျိုးစေ့ ချကိရိယာ Drum Seeder ဖြင့် မျိုးစေ့ချသရုပ်ပြသနေမှုအား ကြည့်ရှုအားပေးခဲ့ကြသည်။


ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ဧရာဝတီမြစ်အတွင်း ငါးမျိုးစိုက်ထည့်ခြင်းအခမ်းအနားသို့ တက်ရောက်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိ သူများ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာဝန်ထမ်းများက နှစ်လက်မနှင့်အထက် ငါးမြစ်ချင်းကောင်ရေ ၁ သိန်းနှင့် ထိုင်းငါးခုံးမကောင်ရေ ၁ သိန်း စုစုပေါင်းငါးသား ပေါက်ကောင်ရေ ၂ သိန်း အား ဧရာဝတီမြစ်အတွင်း စုပေါင်းစိုက်တည့်ပေးခဲ့ကြပြီး အခမ်းအနားသို့ တက်ရောက်လာသူများအား ရင်းရင်းနှီးနှီး နုတ်ဆက်အားပေးခဲ့ကြသည်။


ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် စစ်ကိုင်းမြို့၊ စစ်ကိုင်းတောင်ရိုး၊ ဆွမ်းဦးပုညရှင်စေတီတော်မြတ်ကြီး ရင်ပြင်အနောက်ဘက်ပေါ်တွင် အလျား - ၁၄၉ ပေ၊ အနံ - ၆၃ ပေ၊ အမြင့် - ၅၄ ပေတိုးချဲ့တည်ဆောက်ပြီး


၎င်းအပေါ်၌ လျား - ၁၂၆ ပေ၊ အနံ - ၅၄ ပေ၊ အမြင့် - ၁၈ ပေရှိ ပုညရှင်သာသနာ့ ဗိမာန်တော်ကြီး တည်ဆောက်နေမှုအား ကြည့်ရှုစစ်ဆေးပြီး တည်ဆောက်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)