ငဖဲမြို့နယ်စည်သာကျေးရွာအခြေခံပညာအလယ်တန်းကျောင်း(ခွဲ)တွင် မူးယစ်ဆေးဝါးကာကွယ်တားဆီးရေး၊ လူကုန်ကူးမှုတိုက်ဖျက်ရေးနှင့် မူခင်းကျဆင်းရေးဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ငဖဲမြို့နယ်စည်သာကျေးရွာအခြေခံပညာအလယ်တန်းကျောင်း(ခွဲ)တွင် မူးယစ်ဆေးဝါးကာကွယ်တားဆီးရေး၊ လူကုန်ကူးမှုတိုက်ဖျက်ရေးနှင့် မူခင်းကျဆင်းရေးဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပ



MNP ၊  ဩဂုတ်  ၁၈

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်စည်သာကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)တွင် မူးယစ်ဆေးဝါးကာကွယ်တားဆီးရေး၊ လူကုန်ကူးမှုတိုက်ဖျက်ရေးနှင့် မှုခင်းကျဆင်းရေးဆိုင်ရာအသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉ နာရီအချိန်ကကျင်းပပြုလုပ်ရာ ငဖဲမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးကျော်စိုး၊ မြို့နယ်ဉပဒေအရာရှိ ဦးမျိုးကိုကိုဟိန်း၊ မြို့နယ်ဒု-ပညာရေးမှူး ဦးခင်မောင်ဝင်း၊ ကျောင်းအုပ်ဆရာကြီး ဦးအောင်ဇော်လင်းနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ စုစုပေါင်း(၁၃၀)ဦး တက်ရောက်ခဲ့ကြသည်။


ရှေးဦးစွာ ငဖဲမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုးက မူးယစ်ဆေးဝါးကာကွယ်တားဆီးရေး၊ လူကုန်ကူးမှုတိုက်ဖျက်ရေးနှင့် မူခင်းကျဆင်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ရခြင်းနှင့်ပတ်သက်၍ အဖွင့်အမှာစကားပြောကြားရာတွင် ကျောင်းသားကျောင်းသူများအနေဖြင့် ပညာသင်ကြားနေသည့်အရွယ်တွင် ထူးချွန်ထက်မြက်အောင် ကြိုးစားသင်ယူကြရန်၊ ကျောင်းသားလူငယ်အချင်းချင်း ခိုက်ရန်ဖြစ်ပွားမှုများမပြုလုပ်ကြရန်၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်ကိုသိရှိပြီး သုံးစွဲခြင်းမပြုလုပ်ကြရန်နှင့် လူကုန်ကူးမှု၊ လူမှောင်ခိုမှုဆိုင်ရာသိကောင်းစရာများကို ဆွေးနွေးပြောကြားသည်။


ဆက်လက်၍ မြို့နယ်ဉပဒေအရာရှိဦးမျိုးကိုကိုဟိန်းက မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဉပဒေရည်ရွယ်ချက်များ၊ မှုခင်းများမဖြစ်ပေါ်စေရေး ကျောင်းသားကျောင်းသူများ သိရှိလိုက်နာရမည့်အချက်များ၊ လူကုန်ကူးမှု၊ လူမှောင်ခိုမှုဆိုင်ရာ ပြစ်မှု၊ ပြစ်ဒဏ်များနှင့် မြို့နယ်ဒု-ပညာရေးမှူးဦးခင်မောင်ဝင်းက ပညာသင်ကာလအတွင်း ထိရောက်အောင်မြင်စွာပြီးဆုံးအောင် ပညာသင်ယူကြရန်၊ မူးယစ်ဆေးဝါးတားဆီးကာကွယ်ရေး၊ လူကုန်ကူးမှုနှင့်လူမှောင်ခိုမှုဆိုင်ရာ သိကောင်းစရာများကိုမှတ်သားပြီး လိုက်နာဆောင်ရွက်ကြရန်၊ ၃၈ ဖြာမင်္ဂလာတရားတော်များနှင့်အညီ လိုက်နာနေထိုင်ပြီး လူတော်လူကောင်းများဖြစ်အောင်ကြိုးစားနေထိုင်ကြရန် အသီးသီးဆွေးနွေးဟောပြောခဲ့ကြသည်။ ထို့နောက်တက်ရောက်လာသော ကျောင်းသားကျောင်းသူများက မှုခင်းကျဆင်းရေးဆိုင်ရာများနှင့်ပတ်သက်၍ သိရှိလိုသည်များကိုမေးမြန်းရာ သက်ဆိုင်ရာတာဝန်ရှိသူများက ပြန်လည်၍ဖြေကြားပေးခဲ့ကြောင်း သိရသည်။


မယု

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)