မုံရွာခရိုင်တွင် ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာ၌ ဆီထွက်သီးနှံ (၁၃၁၅၇၃) ဧက စိုက်ပျိုးပြီးစီး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မုံရွာခရိုင်တွင် ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာ၌ ဆီထွက်သီးနှံ (၁၃၁၅၇၃) ဧက စိုက်ပျိုးပြီးစီး



MNP ၊  ဩဂုတ်  ၁၈

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်တွင် ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီ၌ ဆီထွက်သီးနှံ (၁၃၁၅၇၃) ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း မုံရွာခရိုင်၊ စိုက်ပျိုးရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ကပြောပြ၍ သိရသည်။


မုံရွာခရိုင်တွင် ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာ၌ ဆီထွက်သီးနှံ (၁၈၂၇၄၅) ဧက စိုက်ပျိုးရန် လျာထားပြီး ယခုနှစ် မေလမှစတင် စိုက်ပျိုးခဲ့ရာ ယနေ့အထိ (၁၃၁၅၇၃) ဧက (၇၂% ) စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း၊ မြေပဲသီးနှံ (၆၃၄၀၇)ဧက လျာထားပြီ ယနေ့အထိ(၅၈၃၃၇)ဧက စိုက်ပျိုးပြီးစီး၍ လျာထားချက်အပေါ် (၉၂%)၊ နေကြာသီးနှံ(၉၄၆၆)ဧက လျာထားပြီး ယနေ့ထိ(၈၀၁၅)ဧက စိုက်ပျိုးပြီးစီး၍ လျာထားချက်အပေါ် (၈၄.၆၇% )၊ နှမ်းသီးနှံ (၁၀၉၈၇၂) ဧက လျာထားပြီး ယနေ့ထိ (၆၅၂၂၀)ဧက စိုက်ပျိုးပြီးစီး၍ လျာထားချက်အပေါ် (၅၉.၃၆% )နှင့် သစ်စိမ့်(၁)ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း သိရသည်။


“ဒီနှစ် မုံရွာခရိုင်မှာ ဆီထွက်သီးနှံဧက (၁၈၀၀၀၀)ကျော် စိုက်ပျိုးဖို့လျာထားပါတယ်။ ယခု ဧက (၁၃၀၀၀၀)ကျော်လောက်စိုက်ပျိုးပြီးစီးပါပြီ။ စိုက်ပျိုးတဲ့ ဆီထွက်သီးနှံ ဧရိယာအားလုံးကို ဒေသရေမြေရာသီဥတုနှင့် ကိုက်ညီ၍ အထွက်ကောင်းသော မျိုးကောင်းမျိုးသန့်များပြောင်းလဲ သုံးစွဲခြင်း၊ GAP စနစ်ဖြင့် စိုက်ပျိုးခြင်း၊ စိုက်စနစ်မှန်ကန်အောင် ဆောင်ရွက်နိုင်ခြင်းနှင့် အရည်အသွေးကောင်း၍ ပန်းတိုင်အထွက်နှုန်းထွက်ရှိလာနိုင်အောင် တောင်သူများကို နည်းပညာပေး ဆောင်ရွက်လျက်ရှိပါတယ်” ဟု မုံရွာခရိုင် စိုက်ပျိုးရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူးက ပြောပြသည်။


ယခုနှစ်တွင် မုံရွာခရိုင်၌ မြို့နယ်အလိုက် လျာထားမှုအနေဖြင့် မုံရွာမြို့နယ်တွင် (၁၃၄၁၇) ဧက၊ ချောင်းဦးမြို့နယ်တွင် (၁၃၈၄၇) ဧက၊ ဘုတလင်မြို့နယ်တွင် (၉၁၆၀၂) ဧကနှင့် အရာတော် မြို့နယ်တွင် (၆၃၈၇၉) ဧက၊ စုစုပေါင်း (၁၈၂၇၄၅) ဧက ဖြစ်ကြောင်း၊ မြို့နယ်အလိုက် ဆီထွက်သီးနှံ စိုက်ပျိုးပြီးစီးမှုအနေဖြင့် မုံရွာမြို့နယ်တွင် (၁၃၆၇၄) ဧက၊ ချောင်းဦးမြို့နယ်တွင် (၁၀၆၅၆) ဧက၊ ဘုတလင်မြို့နယ်တွင် (၆၀၁၀၇) ဧကနှင့် အရာတော်မြို့နယ်တွင် (၄၇၁၃၆) ဧက စုစုပေါင်း ခရိုင်ချုပ် ယနေ့ထိ (၁၃၁၅၇၃)ဧက စိုက်ပျိုးပြီးစီးပြီး လျာထားချက်ပြည့်မီအောင် ဆက်လက်စိုက် ပျိုးသွားမည်ဖြစ်ကြောင်း သိရသည်။


မုံရွာခရိုင်တွင် ဆီထွက်သီးနှံစိုက်တောင်သူများကို သက်ဆိုင်ရာမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနက ဆီထွက်သီးနှံ စိုက်ဧရိယာများကို GAP စနစ်ဖြင့် စိုက်ပျိုးရန် အရည်အသွေးကောင်း၍ ပန်းတိုင် အထွက်နှုန်း ထွက်ရှိလာစေရန် သက်ဆိုင်ရာ ဧရိယာအတွင်း ဆီဖူလုံမှုရှိ၍ အခြားဒေသများသို့ တင်ပို့ ရောင်းချနိုင်ရန် နည်းပညာပေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


ထို့အပြင် ဆောင်းသီးနှံစိုက်ပျိုးရာ၌ မုံရွာခရိုင်တွင် ဆီထွက်သီးနှံများ စိုက်ပျိုးရန်အတွက် မြို့နယ်အလိုက် လျာထားမှုအနေဖြင့် မုံရွာမြို့နယ်တွင် (၂၇၇၈၁) ဧက၊ ချောင်းဦးမြို့နယ်တွင် (၂၆၉၄၁) ဧက၊ ဘုတလင်မြို့နယ်တွင် (၄၆၅၉၇) ဧကနှင့် အရာတော်မြို့နယ်တွင် (၄၄၆၃၂) ဧက၊ စုစုပေါင်း (၁၄၅၉၅၁) ဧက ဖြစ်ကြောင်းသိရသည်။


https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)