အမ်းမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး ပုံပြင်ပြောပြခြင်း ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အမ်းမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး ပုံပြင်ပြောပြခြင်း ကျင်းပ





MNP ၊  ဩဂုတ်  ၁၈

       ရခိုင်ပြည်နယ်၊  ကျောက်ဖြူခရိုင်၊ အမ်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနလူထု အခြေပြုဗဟိုဌာန(Com munity Centre) ခန်းမ၌ ကျောင်း သားကျောင်း သူများ အသိ ပညာ ဗဟုသုတတိုးပွားစေရန် ရည်ရွယ် ၍ စာဖတ်ရှိန်မြှင့်တင်ရေး ပုံပြင်ပြောပြခြင်းကို ယနေ့ နံနက် ၁၀ နာရီ အချိန်က ကျင်းပပြုလုပ်ခဲ့သည်။


      ရှေ့ဦးစွာ ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ခင်မျိုးတင်ကကျောင်းသားကျောင်း သူများအား ဇာတ်လမ်း မစန္ဒာနှင့် သရုပ် ဖော် MGUတို့ ရေးသားသည့် ကြွက်မ လေးအတွက် အိမ်ထောင် ဖက် ပုံပြင်အားလည်းကောင်း၊ စာကြည့် တိုက်လက်ထောက် -၃ ဒေါ်ဌေးဌေးဝင်း က ဇာတ်လမ်း ကျော်မြင့်(မြောင်းမြ)နှင့် သရုပ်ဖော် ဝင်းဖေ(အဖျောက်)တို့ ရေး သားသည့် ပလတ်စတစ်အိပ်ကလေး၏ ခရီးစဉ် ပုံပြင် အကြောင်းများကို ဆွေး နွေးပြောပြခဲ့ကြသည်။


   အဆိုပါကြွက်မလေးအတွက် အိမ် ထောင်ဖက် ပုံပြင်တွင်အလွန် ဂုဏ်မက်တဲ့ ကြွက်မကြီတစ်ကောင်တွင် ချောမော လှပတဲ့ ကြွက်သမီးလေးရှိတဲ့အတွက်​ချောမော လှပတဲ့ ကြွက်သမီးလေးကို ကြွတ်လူပျိုလေးတွေက ချစ် ကြိုက်ကြသည့်အကြောင်း၊ကြွက်မကြီးက သူ့သ မီးကို ဘယ်ကြွက်နဲ့မှ သဘောမတူသည့်အကြောင်း၊နောက်ဆုံးမှာတော့ သူ့ရဲ့သ မီးကြွက်မလေးကို သူရဲ့ချစ်သူကြွက်က လေးနှင့် လက်ထပ်ပေးလိုက်တဲ့အ ကြောင်း ပြောကြားခဲ့သည်။


      ဆက်လက်ပြီးပလတ်စတစ်အိပ်က လေး၏ခရီးစဉ်ပုံပြင်တွင် ပလပ်စတစ်အိတ်ကလေး ဟာ လူတွေကိုအများကြီး အကျိုးပြုတဲ့အကြောင်း၊ စည်းကမ်းမဲ့စွန့်ပစ်မှုကြောင့်လမ်းဘေးရေမြောင်းထဲကိုရောက်ပြီးရေနဲ့မျောပါသွားသည့်အကြောင်း၊ မြစ်ထဲကို​ေရာက်ရှိသည့်စဉ်ရေနေသတ္တ​ဝါများစားသုံးမိ၍သေကြေ ပျက်စီးရပုံအကြောင်း၊သူ့နေရာနဲ့သူစ နစ်တကျစွန့်ပစ်ပေးကြရန်လိုအပ်ပါကြောင်းစသည့် အကြောင်းအရာများပါဝင်သည်။


 အဆိုပါပုံပြင်ပြောပြခြင်းအားကျောင်းသားကျောင်းသူများ ကစိတ်ပါဝင်စားစွာနားထောင်ကြပြီးမှတ်မိသမျှပြန်လည် ပြောကြား​ေစခဲ့ရာ လိုအပ်ချက်များနှင့် ကျောင်းသားကျောင်းသူများ သိရှိလိုသည့် အကြောင်းအရာများကို ဒုတိယဦးစီးမှူး ဒေါ်ခင်မျိုးတင်က ပြန်လည်ဖြည့်စွက် ဆွေးနွေး ဖြေကြားပေးခဲ့ကြောင်းသိရသည်။


စိုးမင်းထွန်း

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)