ရမ်းဗြဲမြို့နယ်ရုံး Community Center ခန်းမ၌ "၂၀၂၂ ခုနှစ်အတွင်းထုတ်ပြန်ခဲ့သော အမိန့်/ညွှန်ကြားချက်များ" စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရမ်းဗြဲမြို့နယ်ရုံး Community Center ခန်းမ၌ "၂၀၂၂ ခုနှစ်အတွင်းထုတ်ပြန်ခဲ့သော အမိန့်/ညွှန်ကြားချက်များ" စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်



MNP ၊  ဩဂုတ်  ၁၈

ရခိုင်ပြည်နယ်၊ ​ကျောက်ဖြူခရိုင်၊ ရမ်းဗြဲမြို့နယ်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟို ဌာန(Community Centre) တွင် "၂၀၂၂ ခုနှစ်အတွင်းထုတ်ပြန်ခဲ့သော အမိန့်/ညွှန်ကြားချက်များ"စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့၊ ညနေ(၃)နာရီအချိန်က  ပြုလုပ်သည်။


ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်အောင်တင်ကြည်က ဝန်ထမ်းများအ အနေဖြင့် ဦးစီးဌာန၏ ဆောင်ရွက်လျက်ရှိသော လုပ်ငန်းလမ်းညွန်ချက်များကို သိရှိနားလည်စေရန် ရည်ရွယ်၍ "၂၀၂၂ ခုနှစ်အတွင်းထုတ်ပြန်ခဲ့သော အမိန့်/ညွှန်ကြားချက်များ"စာအုပ်ပါ ထုတ်ပြန်ထားသော ညွှန်ကြားချက်များကို ဖတ်ကြားဆွေးနွေးသည်။ထို့နောက်ဝန်ထမ်းများက သက်ဆိုင်ရာကဏ္ဍများအလိုက် သိရှိလိုသည်များကို ဝိုင်းဝန်းဆွေးနွေးကြရာ ဦးစီးအရာရှိက လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးခဲ့​သည်။ အဆိုပါ ရုံးဝန်ထမ်းများနှင့်စာဖတ်ဝိုင်းပြုလုပ်ခြင်းမှာ ဝန်ထမ်းများ အရည်အသွေးနှင့် အရည်အချင်းများ မြင့်မားလာစေရန်၊ အသိပညာ ဗဟုသုတများ တိုးပွားလာစေရန်၊ အမိန့်/ ညွန်ကြားချက်များကို လိုက်နာတတ်စေရန်နှင့် အပြန်အလှန် သတင်းပေးပို့တတ်စေရန်၊လုပ်ငန်းကျွမ်းကျင်မှု ရှိစေရန်  ရည်ရွယ်၍ ပြုလုပ်ဆောင်ရွက်ရခြင်း ဖြစ်ကြောင်းသိရသည်။


အောင်တင်ကြည်

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)