ပေါက်ခေါင်းမြို့၌ ကျောင်းကောင်စီဥက္ကဋ္ဌဖလား ဘောလုံးပြိုင်ပွဲကျင်းပပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါက်ခေါင်းမြို့၌ ကျောင်းကောင်စီဥက္ကဋ္ဌဖလား ဘောလုံးပြိုင်ပွဲကျင်းပပြုလုပ်



MNP ၊  ဩဂုတ်  ၁၈

ပဲခူးတိုင်းဒေသကြီး  ပေါက်ခေါင်းမြို့၌ အထက(ပေါက်ခေါင်း)ကျောင်း၏ ကျောင်းကောင်စီဥက္ကဋ္ဌ ဖလားဘောလုံးပြိုင်ပွဲဖွင့်ပွဲကို ယမန်နေ့နံနက်က ပေါက်ခေါင်းမြို့ မြို့မ အားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။


အဆိုပါကျောင်းကောင်စီဥက္ကဋ္ဌဖလား ဘောလုံးပြိုင်ပွဲတွင် အထက(ပေါက်ခေါင်း)မှ အဝါ၊ အစိမ်း၊ အနီ၊ အပြာနှင့်လိမ္မော် ဘောလုံးအသင်း(၅)သင်းမှ အုပ်စုပတ်လည်ပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားကြမည်ဖြစ်ပြီး အဖွင့်ပွဲစဉ်အဖြစ် လိမ္မော်အသင်းနှင့် အဝါအသင်းတို့ယှဉ်ပြိုင် ကစားကြရာ လိမ္မော်အသင်းက သုံးဂိုးတစ်ဂိုးဖြင့်အနိုင်ရရှိခဲ့သည်။ အဆိုပါအသင်း ၅ သင်းမှအုပ်စုပတ်လည်ကစားပြီး အမှတ်အများဆုံးရရှိသည့်အသင်းနှစ်သင်းမှာ ဗိုလ်လုပွဲ ဆက်လက်ကန်ခွင့်ရရှိမည်ဖြစ်သည်။ ဗိုလ်လုပွဲ ပွဲစဉ်ကို ဩဂုတ်လ ၂၅ ရက်နေ့တွင် ယှဉ်ပြိုင်ကစားမည်ဖြစ်ပြီး ပထမ၊ ဒုတိယနှင့် ပွဲစဉ်တစ်လျှောက် အကောင်းဆုံးအားကစားသမားဆုကိုလည်း ချီးမြှင့်ပေးမည်ဖြစ်ကြောင်း အ-ထ-က(ပေါက်ခေါင်း) ကျောင်းအုပ်ဆရာကြီးထံမှသိရသည်။


သန်းထွန်းအောင်

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)