အမ်းမြို့၌ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းသင်တန်းကျောင်းတွင် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေး ခြင်ဆေးဖျန်းခြင်း ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အမ်းမြို့၌ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းသင်တန်းကျောင်းတွင် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေး ခြင်ဆေးဖျန်းခြင်း ဆောင်ရွက်






MNP ၊  ဩဂုတ်  ၂၃

 ရခိုင်ပြည်နယ်၊  အမ်းခရိုင်၊ အမ်းမြို့နယ် အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းသင်တန်းကျောင်းတွင် အဆင့်မြင့်အိမ်မှုအပ်ချုပ်သင်တန်းအမှတ်စဥ်(၆)မှ သင်တန်းသူများ သွေးလွန်တုပ် ကွေးရောဂါ ကြိုတင်ကာကွယ် ရေး၊ ခြင်ပေါက်ပွားမှုမရှိစေရေးအတွက် ခြင်ဆေးဖျန်းခြင်းကို ယနေ့ညနေပိုင်းအချိန်က ဆောင်ရွက်ခဲ့သည်။


ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနှင့် အဖွဲ့ဝင်များ ကြီးကြပ်မှုဖြင့်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်ကျန်းမာရေးဌာနမှ ဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ မြို့နယ်အမျိုး သမီးရေးရာအသင်းဝင်များများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များ ပူးပေါင်း‌၍ ခြင်မှတစ်ဆင့်ကူးစက်တတ်သော ရောဂါများမဖြစ်ပွားစေရေးနှင့် သွေးလွန်တုပ် ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်စေရေးတို့အတွက် အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းသင်တန်းကျောင်း အခန်းများနှင့် ကျောင်းဝင်းအတွင်း ခြင်များ ပေါက်ပွားလွယ်သော ရေဝပ်သည့်နေရာများတွင် ခြင်ဆေးဖျန်းခြင်းကိုဆောင်ရွက်ခဲ့ ကြောင်း သိရသည်။


စိုးမင်းထွန်း

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)