MNP ၊ ဩဂုတ် ၂၄
ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ရွှေတောင်မြို့နယ် ကြာနီကန်ရပ်ကွက်၊သစ်ချိုပင်လမ်းတွင် ဩဂုတ်လ ၂၂ရက်နေ့၌ အပူလွန်ကဲ၍ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့သည့်လူနေအိမ် (၁)လုံးအား ပြည်ခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့ပစ္စည်းများပေးအပ်ခဲ့ကြောင်းသိရသည်။
အဆိုပါ မီးလောင်ကျွမ်းသည့် လူနေအိမ် ( ၁)လုံး၊အိမ်ထောင်စု (၁)စု အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ( ကိုယ်စား) မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးရာဇာလင်း၊ ပြည်ခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်တင်တင်ချို ၊ ကြာနီကန်ရပ်ကွက် အုပ်ချုပ်ရေးမှူး၊မြို့နယ်ကြက်ခြေနီအဖွဲ့တို့ လိုက်ပါ၍ပြည်ခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့ပေးအပ်သော အိမ်ဆောက်ပစ္စည်းနှင့် ဆန်ရိက္ခာဘိုးထောက်ပံ့ငွေ ( ၂၁၄၇၀၀ိ/-) ကျပ် နှင့်ကယ်ဆယ်ရေးပစ္စည်း( ၁၈) မျိုးပါပုံး( ၁) ပုံး၊ မြို့နယ်ကြက်ခြေနီအဖွဲ့မှ Hygiene Kit တစ်ကိုယ်ရေသန့်ရှင်းရေးသုံးပစ္စည်း ( ၁၉) မျိုးပါ ပုံး( ၁) ပုံး၊ အိမ်သုံးပစ္စည်း(၁၂)မျိုးပါ ပုံး( ၁) ပုံး၊အိမ်ဆောက်ပစ္စည်း( ၆) မျိုးပါအိတ်( ၁)အိတ်တို့အားထောက်ပံ့ပေးအပ်ခဲ့ကြကြောင်းသိရသည်။
ကိုကိုမင်း
https://t.me/MyanmarNationalPost
No comments:
Post a Comment