ချောင်းဆုံမြို့နယ်တွင် ကျောင်းကျန်းမာရေး ရက်သတ္တပတ်လှုပ်ရှားမှုနှင့် ဉာဏ်စမ်းပဟေဠိ ပြိုင်ပွဲကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ချောင်းဆုံမြို့နယ်တွင် ကျောင်းကျန်းမာရေး ရက်သတ္တပတ်လှုပ်ရှားမှုနှင့် ဉာဏ်စမ်းပဟေဠိ ပြိုင်ပွဲကျင်းပ






MNP ၊  ဩဂုတ်  ၁၅

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်ရှိ ကျောင်သား/သူများ ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေးအတွက် မြို့နယ်အခြေခံပညာဦးစီးဌာနနှင့် ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်းပြီး ကျောင်းကျန်းမာရေး ရက်သတ္တပတ်လှုပ်ရှားမှုနှင့် ဉာဏ်စမ်းပဟေဠိ ပြိုင်ပွဲကို ဩဂုတ်လ ၁၄ ရက်နေ့က ချောင်းဆုံ (အ.ထ.က) ကျောင်း သီရိရတနာခန်းမတွင် ကျင်းပသည်။


အခမ်းအနားတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်ချိုချိုသီတာက အဖွင့်အမှာစကား ပြောကြားကာ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာသူဇာဝင်းက ကျန်းမာရေးဆိုင်ရာနှင့် ပတ်သက်၍ အသိပညာပေး ဟောပြောပေးခဲ့ပြီး ကျန်းမာရေးဝန်ထမ်းများက ကျောင်းကျန်းမာရေးလှုပ်ရှားမှု အစီအစဉ်များ၊ ကျန်းမာရေးအတွက် ဆောင်ရန်/ရှောင်ရန်အချက်များအား ရှင်းလင်းပြောကြား ပြီးနောက် ကျောင်းသား/သူများအား ကျန်းမာရေးဗဟုသုတဉာဏ်စမ်းပဟေဠိ မေးခွန်း (၁၀၀) မေးမြန်း၍ ဖြေဆိုနိုင်သည့် ကျောင်းသား/သူများအား ဆုများချီးမြှင့်ခဲ့သည်။


ဆက်လက်၍ ကျောင်းကျန်းမာရေး စစ်ဆေးရေးအဖွဲ့မှ ကျောင်းမုန့်ဈေးတန်းရှိ ရောင်းချနေသည့် ဈေးဆိုင်များအား ကျန်းမာရေးနှင့်အညီရောင်းချနေမှု ရှိ/မရှိ စစ်ဆေးခဲ့ကြောင်းနှင့် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း (၁၁၁) ကျောင်းအား ကျောင်းကျန်းမာရေး စောင့်ရှောက်မှုများကို သတ်မှတ်ရက်များအလိုက် ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း မြို့နယ်ကျန်းမာရေး ဦးစီးဌာနရုံးမှ သိရသည်။


https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)