ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့၌ စူပါဘိုကာရှီပြုလုပ်နည်းပညာ သရုပ်ပြပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့၌ စူပါဘိုကာရှီပြုလုပ်နည်းပညာ သရုပ်ပြပွဲကျင်းပ





MNP ၊  ဩဂုတ်  ၁၆

   ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက ဦးဆောင်၍ စူပါဘိုကာရှီ ပြုလုပ်နည်းပညာသရုပ် ပြပွဲကို ယမန်နေ့၊ မွန်းလွဲပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။


အဆိုပါသရုပ်ပြပွဲအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမောင်စံဝင်းက အဖွင့်အမှာစကားပြောကြားပြီး၊ စိုက်ပျိုးရေးဦးစီးဌာနမှ  မြို့နယ်ဦးစီးမှူး ဦးထွန်းအောင်ကျော် က စူပါဘိုကာရှီပြုလုပ်သုံးစွဲဖြင့်ဖြင့် ရရှိမည့်အကျိုးကျေးဇူးများနှင့် EM ဘိုကာရှီအကြောင်း သိကောင်းစရာတို့ကိုရှင်းလင်းပြောကြားခဲ့သည်။


 အခမ်းအနားသို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ စာရေးဝန်ထမ်းများ၊ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့်တောင်သူများတက်ရောက်ခဲ့ကြပြီး၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းတို့က စူပါဘိုကာရှီပြုလုပ်နည်းပညာအဆင့်ဆင့်တို့ကို စနစ် တကျ လက်တွေ့သရုပ်သခဲ့ကြောင်းသိရသည်။


နီထွန်းအောင်

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)