MNP ၊ ဩဂုတ် ၁၆
မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ စဉ့်ကူးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများအား ထောက်ပံ့ပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့နေ့လယ် (၂)နာရီ အချိန်က စဉ့်ကူးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် စဉ့်ကူးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်းရုံးရေးကော်မတီ ဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းကျော်နိုင် က ထောက်ပံ့ပစ္စည်းများ ပေးအပ်ရခြင်းနှင့်ပတ်သက်၍ အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် ဝန်ထမ်းများက တာဝန်ထမ်းဆောင်ရာတွင် တွေ့ကြုံရသည့် အခက်အခဲများနှင့် လိုအပ်ချက်များကိုတင်ပြကြရာ မြို့နယ်အုပ်ချုပ်ရေးမှူးက ပြန်လည်ရှင်းလင်း ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် ထောက်ပံ့ပစ္စည်းများပေးအပ်ပွဲကို ဆက်လက်ကျင်းပရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းကျော်နို်င က လက်ရှိတာဝန်ထမ်းဆောင်လျက်ရှိသော ဝန်ထမ်း (၆၆)ဦးအားလည်းကောင်း၊ မြို့နယ်မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီ ဥက္ကဌ ဒေါ်နန်းစံရွှေ က မြို့ပေါ်နေ ဝန်ထမ်းမိသားစုဝင် (၃၃)ဦးအားလည်းကောင်း ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့ကြသည်။
ထိုသို့ ထောက်ပံ့ပေးအပ်ရာတွင် တစ်ဦးလျှင် ဆန်(၂)ပြည်နှင့် ဆီ(၅၀)သားနှုန်းဖြင့် (၉၉)ဦးအတွက် စုစုပေါင်းထောက်ပံ့မှု တန်ဖိုး ငွေကျပ် (၁၃၀၃၆၀၀/-)ဖြစ်ကြောင်း သိရသည်။
တင်ဇာလွင်
https://t.me/MyanmarNationalPost





No comments:
Post a Comment