အမ်းမြို့၌ စစ်ကြောင်း(၅) ကြောင်းဖြင့် မိုးစပါးရာနှုန်းပြည့်စိုက်ပျိုးနိုင်ရေး ဒေသခံတောင်သူများနှင့် တွေ့ဆုံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အမ်းမြို့၌ စစ်ကြောင်း(၅) ကြောင်းဖြင့် မိုးစပါးရာနှုန်းပြည့်စိုက်ပျိုးနိုင်ရေး ဒေသခံတောင်သူများနှင့် တွေ့ဆုံ






MNP ၊  ဩဂုတ်  ၂၅

 ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ်တွင် စစ်ကြောင်း(၅) ကြောင်းဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနှင့် အဖွဲ့ဝင်များ ကြီးကြပ်မှုဖြင့် လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ပြီး မိုးစပါးရာနှုန်းပြည့်စိုက်ပျိုးနိုင်ရေး  ယမန်နေ့ ညနေပိုင်းအချိန်က အမ်းမြောက်ကျေးရွာအုပ်စု၊ ဆူးပုတ်ပျဉ်းတောကျေးရွာ၌ ဒေသခံတောင်သူများနှင့်တွေ့ဆုံခဲ့သည်။


  အမ်းမြောက်ကျေးရွာအုပ်စု၊ဆူးပုတ်ပျဉ်းတောကျေးရွာရှိကွင်းအမှတ်- ၂၇၁ ၌ လယ်မြေ၌  လယ်မြေ ၁၂၄ ဧကတွင် တောင် သူ ၇၈ ဦး၊ ဥယာဉ်မြေ ၉၂ ဧကတွင် ဥယာဉ်တောင်သူ ၄၀ ဦးနှင့်ကိုင်းမြေ ၃၈ ဧကတွင် ကိုင်း တောင်သူ ၃၈ ဦးရှိရာ ဒေသခံတောင်သူများက စိုက်ပျိုးရေးလုပ်ငန်းကို အဓိကထား လုပ်ကိုင်ကြသည်။


  အဆိုပါ လယ်မြေ ၁၂၄ ဧကတွင် တောင်သူများ မိုးစပါးရာနှုန်းပြည့်စိုက်ပျိုးနိုင်‌ရေး၊ စိုက်ပျိုးရေးနည်းပညာအသုံးပြု၍ စပါးပင်များအား နည်းမှန်၊ လမ်းမှန် စိုက် ပျိုးနိုင်ရေး၊မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယ

မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရွှေအေး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက မိုးစပါးရာနှုန်းပြည့်စိုက်ပျိုးနိုင်ရေးအတွက် မိုးစပါးစိုက်ပျိုးရန် မျိုးသန့် မျိုးစေ့များ ထောက်ပံ့ပေးအပ်ပြီးရာသီအလိုက်  စပါးနှင့် စားသုံးသီးနှံများ စိုက်ပျိုးနိုင်ရန်တို့ကိုဆွေးနွေးပြောကြားပြီး စပါးစိုက် လယ်မြေများတွင် စက်မှုလယ် ယာမှ ထွန်ယစ်ပေးနေမှုနှင့် စိုက်ပျိုးထားရှိသည့် လယ်မြေများအား ကွင်းဆင်းကြည့်ရှု့စစ်ဆေးခဲ့ကြကြောင်းသိရသည်။


စိုးမင်းထွန်း

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)