MNP ၊ ဩဂုတ် ၂၅
ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်း မြို့နယ်၌ ပုဂ္ဂလိကမော်တော် ယာဉ်များစနစ်တကျပြေးဆွဲရေးအတွက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးအောင်ဇော်ထက်နှင့် အဖွဲ့ဝင်များသည် ပုဂ္ဂလိကမော် တော်ယာဉ်များစနစ်တကျပြေးဆွဲရေး ကြီးကြပ်မှုကော်မတီများ၊ ယာဉ်လိုင်းပိုင်ရှင်များ၊ မော်တော် ယာဉ်ပိုင်ရှင်များနှင့် တွေ့ဆုံပွဲကို ယမန်နေ့ နေ့လည်အချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အ စည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ရေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးအောင်ဇော်ထက်ကဒေသဖွံ့ဖြို့ရေးလုပ်ငန်းများဆောင်ရွက်နေမှုနှင့် ပညာရေး၊ ကျန်းမာရေး၊ လမ်းပမ်းဆက်သွယ်ရေးဆောင်ရွက်နေမှုများ၊ အဝေးပြေးကားကြီးကွင်းအား အချက်အခြာကျသည့်နေရာတွင် အဆင့်မြှင်တင်ဆောင်ရွက်နိုင်ရန်၊ မော်တော်ယာဉ်လိုင်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒေသဖွံ့ဖြို့ရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရန်၊ ယာဉ်လိုင်းပိုင်ရှင်များနှင့် မော်တော်ယာဉ်ပိုင်ရှင်များထံမှ ကောက်ခံရရှိသည့် ရန်ပုံငွေများကို စနစ်တကျထိန်းသိမ်း၍ အကျိုးရှိရှိ သုံးစွဲပြီး စည်းစည်းလုံးလုံး ညီညီညွတ်ညွတ် ဆောင်ရွက်ကြရန်ပြောကြားခဲ့သည်။
ထို့နောက် ပုဂ္ဂလိကမော်တော် ယာဉ်များ စနစ်တကျပြေးဆွဲရေးကြီးကြပ်မှုကော်မတီဥက္ကဌ ဦးသန်းချိုက မြို့နယ်အတွင်းမော် တော်ယာဉ်လိုင်းများ စနစ်တကျပြေးဆွဲနေမှုအခြေအနေ၊ မော် တော်ယာဉ်လိုင်းများ ဖွံ့ဖြိုးတိုး တက်ရန်ဆောင်ရွက်ထားရှိမှု၊ယာဉ်လိုင်းပိုင်ရှင်များနှင့် မော် တော်ယာဉ်ပိုင် ရှင်များထံမှ ကောက်ခံရရှိမှုအခြေအနေ၊ကောက်ခံရရှိသည့် ရန်ပုံငွေများကို စနစ်တကျထိန်းသိမ်းသုံးစွဲထားရှိမှု၊ မော်တော်ယာဉ်များ ပဲပဒုံတံတားတွင် ဖြတ်ကျော်နေမှုအခြေအနေ၊ ကုန်ပစ္စည်းများ ထိမ်းသိမ်းထားရှိမှုနှင့် အဝေးပြေးကားကြီးကွင်းသို့ မော်တော် ယာဉ်လိုင်းများဝင်ထွက်ပြေးဆွဲနေမှု အခြေအနေတို့ကို တင်ပြဆွေးနွေးခဲ့သည်။
ဆက်လက်၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက မော်တော်ယာဉ်လိုင်းများဝင်ထွက် ပြေးဆွဲနေမှုအား စည်းကမ်းလိုက် နာမှုရှိစေရေး၊ မော်တော်ယာဉ်လိုင်းများအား စနစ်တကျထိန်း သိမ်းဆောင်ရွက်ကြရန်၊ မြို့နယ်အတွင်း ဒေသခံပြည်သူများအ နေဖြင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို အတူတကွပူး ပေါင်းပါဝင်ဆောင်ရွက်နိုင်ရေး၊မော်တော်ယာဉ်လိုင်းများတွင် မှုးယစ်ဆေးဝါးများ စစ်ဆေးတွေ့ရှိမှုအခြေအနေ၊ မော်တော်ယာဉ်လိုင်းပိုင်ရှင်များနှင့် ယာဉ်လိုင်းပိုင်ရှင်များက မှုးယစ်ဆေးဝါးများ တင်ဆောင်မှုမရှိစေရေး အလေးထား ဝိုင်းဝန်းထိမ်းသိမ်းဆောင်ရွက်သွားကြရန်၊ မော် တော်ယာဉ်လိုင်းများကို မော် တော်ယာဉ်လိုင်းပိုင်ရှင်များနှင့် ယာဉ်လိုင်းပိုင်ရှင်များက ဝိုင်းဝန်းပူးပေါင်းကာ စနစ်တကျ ပြေးဆွဲဆောင်ရွက်ကြရန်၊ မော်တော် ယာဉ်လိုင်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒေသဖွံ့ဖြို့ရေးလုပ်ငန်းများတွင် ညီညီညွတ်ညွတ်ပူး ပေါင်းဆောင်ရွက်ကြရန် ဆွေး နွေးပြောကြားခဲ့ကြသည်။
ထို့နောက် မော်တော်ယာဉ်လိုင်းပိုင်ရှင်များနှင့် ယာဉ်ပိုင်ရှင်များက ကားကြီးကွင်းအတွင်းသို့ ဝင်ထွက်ပြေးဆွဲနေမှုမရှိသည့် မော် တော်ယာဉ်လိုင်းများအနေဖြင့်စည်းကမ်းလိုက်နာမှုရှိပြီး အတူ တကွပူးပေါင်းဆောင်ရွက်ကြရန်ဆွေးနွေးတင်ပြခဲ့ကြသည်။
အမ်းမြို့နယ်အတွင်း ပုဂ္ဂလိကမော်တော်ယာဉ်များ စနစ်တကျပြေးဆွဲရေးနှင့်ပတ်သက်၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးအောင်ဇော်ထက်က မော်တော် ယာဉ်လိုင်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပုဂ္ဂလိကမော်တော် ယာဉ်များပြေးဆွဲရေး ဥပဒေနှင့်အညီ ဆောင်ရွက်ရန်၊ အဝေးပြေးကားကြီးကွင်းအတွင်း စနစ်တကျပြေးဆွဲရေး၊ အဝေးပြေးကားကြီးကွင်းသို့ ဝင်ထွက်ပြေးဆွဲနေမှုမရှိသည့် မော်တော်ယာဉ်လိုင်းများ မော်တော်ယာဉ်များအား စစ်ဆေးဆောင်ရွက်သွားရန်၊ မော်တော် ယာဉ်လိုင်းများပြေးဆွဲရာတွင် အမျိုးသားရေးစိတ်ဓာတ်ဖြင့် ဆောင်ရွက်ကြရန်၊ ကုန်တင်ကားများအနေဖြင့် ကုန်ပစ္စည်းများ ချိန်းခြင်း ကဲ့ခြင်းများကို သတ် မှတ်နေရာများတွင် စည်းကမ်းရှိရှိဆောင်ရွက်ကြရန်၊ ကုန်ပစ္စည်းများ ထိမ်းသိမ်းခြင်းနှင့် ချောစာများပေးပို့ခြင်းအား အလေးထားဆောင်ရွက်ကြရန်၊ အဝေးပြေးကားကြီးကွင်းအတွင်းသို့ မဝင်သည့် မော်တော်ယာဉ်များအား ရှောင်တခင်စစ်ဆေးခြင်းများဆောင်ရွက်သွားရန်၊ မော်တော် ယာဉ်များအား ယာဉ်လမ်းစည်း ကမ်း အသိပညာပေးခြင်းအား အမှတ်(၂၁) ယာဉ်ထိန်းရဲတပ်ဖွဲ့စု အမ်းယာဉ်ထိန်းရဲတပ်ဖွဲ့စိတ်နှင့် တာဝန်ရှိသူများက ပူးပေါင်းဆောင်ရွက်ရန်၊ ယာဉ်လိုင်းပိုင်ရှင်များနှင့် မော်တော်ယာဉ်ပိုင်ရှင်များထံမှ ကောက်ခံ ရရှိသည့် ရန်ပုံငွေများကို စနစ်တကျထိန်း သိမ်းသုံးစွဲပြီး ပွင့်လင်းမြင်သာစွာဖြင့် စည်းကမ်းရှိရှိ ပူးပေါင်းဆောင်ရွက်ရန်၊ သံသယဖြစ်ဖွယ် ပစ္စည်းများအားတွေ့ရှိပါက သက်ဆိုင်ရာတာဝန်ရှိသူများအား သတင်းပေးပို့ဆောင်ရွက်ကြရန်၊ အဝေးပြေးကားကြီးကွင်းအတွင်း သန့်ရှင်းသာယာလှပရေး၊ မော် တော်ယာဉ်လိုင်းများ ဖွံ့ဖြိုးတိုး တက်ရေးနှင့် ဒေသဖွံ့ဖြို့ရေးလုပ် ငန်းများတွင် ညီညီညွတ်ညွတ်ဖြင့် ဝိုင်ဝန်းပူးပေါင်းဆောင်ရွက်ကြရန်လိုကြောင်းနှင့် ဆွေးနွေးတင် ပြလာမှုအပေါ် ပေါင်းစပ်ညှိနှိုင်း
ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
စိုးမင်းထွန်း
https://t.me/MyanmarNationalPost
No comments:
Post a Comment