MNP ၊ ဩဂုတ် ၁၈
ရခိုင်ပြည်နယ် မာန်အောင်မြို့အနောက်စုရပ်ကွက်ရှိအ-မ-က အနောက်စုနှင့်အ-မ-က ကွက်သစ်ကျောင်းများတွင် ကျောင်းကျန်းမာရေး အသိပညာပေးဟောပြောပွဲကို ယနေ့ နံနက်၁၁ နာရီက အဆိုပါကျောင်းများတွင်ပြုလုပ်ခဲ့ကြောင်းသိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်ဆရာဝန်ကြီးကြပ်မှုဖြင့်ကျန်းမာရေးဝန်ထမ်းများ၊မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များနှင့်အမျိုးသမီးရေးရာအဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည်အဖွဲ့(၂)ဖွဲ့ခွဲပြီးအ-မ-ကအနောက်စုနှင့်အ-မ-က ကွက်သစ် ကျောင်းများတွင် ကျောင်းသား၊ကျောင်းသူများအား ကျန်းမာရေးစစ်ဆေးပေးခြင်း၊ စနစ်မှန်သွားတိုက်နည်းပြသခြင်း၊ စနစ်တကျလက်ဆေးခြင်း နှင့်ပတ်သက်၍ လက်တွေ့သရုပ်ပြ ပညာပေးခြင်း၊သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးနှင့် ပတ်သက်၍ အသိပညာပေးဟောပြောခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဦးသိန်းဖေ
https://t.me/MyanmarNationalPost
No comments:
Post a Comment