MNP ၊ ဩဂုတ် ၁၂
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့ရှိ မြို့ကြက်သရေဆောင်စေတီ တောင်ဘုရားပုရဝုဏ်အတွင်း၌ မြို့နယ် အဆင့်ဌာဆိုင်ရာများစု ပေါင်း၍ သန့်ရှင်းသာယာလှပရေးအတွက်စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်းကိုယနေ့ နံနက်ပိုင်းက ဌာနဆိုင်ရာများမှစုပေါင်း ကုသိုလ်ယူ ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။
အဆိုပါ စုပေါင်းသန့်ရှင်းရေးကိုမြို့နယ်အုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးနိုင်လင်းထက်နှင့်ဌာနဆိုင်ရာတာဝန်ရှိသူများ မြို့နယ် ရဲတပ်ဖွဲ့၊မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ် ချုပ်ရေးမှူးနှင့်ပူးပေါင်း၍ စေတီတောင်ဘုရားပုရဝုဏ်အ တွင်းပတ်ဝန်းကျင်သန့်ရှင်းသာယာလှပ ရေးအတွက် ခြုံနွယ် ပေါင်းမြက်များကို ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်ကောက်ခြင်းတို့ ကိုကုသိုလ်ယူဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။
https://t.me/MyanmarNationalPost




No comments:
Post a Comment