လားရှိုးမြို့တွင် မိုးစပါးမျိုးစေ့ထုတ်စိုက်ခင်း စိုက်ပျိုးခြင်းလုပ်ငန်း ကွင်းလက်တွေ့သရုပ်ပြစိုက်ပျိုးပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လားရှိုးမြို့တွင် မိုးစပါးမျိုးစေ့ထုတ်စိုက်ခင်း စိုက်ပျိုးခြင်းလုပ်ငန်း ကွင်းလက်တွေ့သရုပ်ပြစိုက်ပျိုးပွဲကျင်းပ



MNP ၊  ဩဂုတ်  ၂၁

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့တွင် မိုးစပါးမျိုးစေ့ထုတ်စိုက်ခင်း စိုက်ပျိုးခြင်းလုပ်ငန်း  ကွင်းလက်တွေ့သရုပ်ပြစိုက်ပျိုးပွဲကို ဩဂုတ်လ ၁၉ ရက်နေ့ နံနက်(၉)နာရီအချိန်က ဆုံကွယ်ကျေးရွာရှိဦးထွန်းလူ၏ လယ်မြေတွင် ကျင်းပပြုလုပ်သည်။ ကွင်းလက်တွေ့သရုပ်ပြစိုက်ပျိုးပွဲသို့ လားရှိုးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးမင်းထွန်း၊ စိုက်ပျိုးရေးဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးဦးမောင်မောင်အေးနှင့် ခရိုင်၊မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ တောင်သူများ၊ လယ်စိုက်ပျိုးသူများ တက်ရောက်ခဲ့ကြသည်။


ရှေးဦးစွာ လားရှိုးမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးဦးစိုင်းတိုးတိုးက မိုးစပါးမျိုးစေ့ထုတ်စိုက်ခင်းစိုက်ပျိုးခြင်းလုပ်ငန်း ကွင်းလက်တွေ့သရုပ်ပြဆောင်ရွက်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။


ထို့နောက် လားရှိုးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက မိုးစပါးမျိုးစေ့ထုတ်စိုက်ခင်း ကောက်စိုက်လုံမေများအတွက် ဂုဏ်ပြုချီးမြှင့်ငွေများကိုပေးအပ်ပြီး လက်တွေ့သရုပ်ပြစိုက်ပျိုးမှုကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။


စိုင်းထွန်း 

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)